DVB Logo
Home
မြန်မာသတင်း
ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်ရေး ဆွေးနွေး
DVB
·
October 5, 2014
ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်ရေး ဆွေးနွေး
Donate to DVB

ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီ(KUPC)နှင့် နိုင်ငံရေးပါတီအသီးသီးက ပြည်ထောင်စုလွှတ်တော် တတ်ရောက်နေတဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ် တွေ တောင်ငူမြို့မှာ အောက်တိုဘာ ၄ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

2တံခါးပိတ်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၊ တိုင်းဒေသကြီးများမှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ကရင်ပြည်သူ့ပါတီမှ ဒုဥက္ကဋ္ဌနှင့် ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ အနယ်နယ်အရပ်ရပ်က ကရင်လူမျိုးများ ကရင်အမျိုးသားစည်းလုံးရေးနှင့် ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်ရေးအတွက် KUPC နဲ့ လွှတ်တော်တတ်ရောက်နေ တဲ့ ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ရေး တိုက်တွန်းဖို့၊ အပစ်ရပ်အတွက် နှစ်ဖက်လုံး စိတ်ရှည်သည်းခံရေးနဲ့ ကရင်တိုင်းရင်းသားတွေ အခြေခံ လူ့ အခွင့်အရေး ရရှိရေးနဲ့ ကရင်လူငယ်တွေ အနာဂတ် သာယာလှပစေဖို့ လွှတ်တော်အတွင်းက ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းကနေ ကြိုးပမ်း ဆောင်ရွက်သွားဖို့ သဘာပတိအဖွဲ့က အတည်ပြုဆုံးဖြတ်ခဲ့ကြကြောင်း ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုစောလှထွန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013