DVB Logo
Home
မြန်မာသတင်း
ဗုံးကြဲခံရသည့် ကရင်နီ စစ်ရှောင်စခန်းက ပြည်သူများ အကူအညီလိုအပ်နေ
DVB
·
September 12, 2024
ဗုံးကြဲခံရသည့် ကရင်နီ စစ်ရှောင်စခန်းက ပြည်သူများ အကူအညီလိုအပ်နေ
1 / 4
Donate to DVB

ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်အစပ်က ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ရှောင်တွေရဲ့နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတယောက်က ပြောပါတယ်။

“အခုလောလောဆယ်တော့ နီးစပ်ရာနေရာတွေမှာ ခဏခေါ်ထားပေးကြတာမျိုးပေါ့။ ကော်မတီ ကလည်း ကူညီပေးနေတယ်။ သူတို့ အရင်လုပ်ပြီးမှ ကျနော်တို့ကို ဆက်သွယ်လာမယ် ထင်တယ်။ အကုန်ချိတ်ဆက်ပြီးတော့တော့ လုပ်နေတယ်ဗျ။ နေရာတွေ ဘာတွေ ရှာရဦးမယ်။ တခြားလိုအပ်တာတွေလည်း ဖြည့်စရာတွေက များတာပေါ့နော်။”

ဘန်ကောက် စစ်ရှောင်စခန်းက လေကြောင်းကနေ ဗုံးကြဲမခံရခင်က အိမ်ခြေ ၁၆၀ ကျော်ရှိပြီး လူဦးရေ ၆၀၀ ကျော် ရှိတဲ့အတွက် ပြန်လည်ထူထောင်ရေးလုပ်ဖို့ လိုအပ်ချက်တွေများတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းတခု ပြန်လည်ထူထောင်ဖို့အတွက် မိုးကာ၊ ဝါး၊ လုံခြုံတဲ့နေရာ၊ အိုးခွက်ပန်းကန်၊ အသုံးအဆောင်၊ စားနပ်ရိက္ခာ၊ စောင် စတာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတယောက်က “အိမ်တွေလည်း အကုန်ပျက်စီးသွားတော့ ဘာမှ မရှိတော့ဘူးပေါ့နော်။ ခုက အသိတွေနား ခွဲပြီး နေနေရတာပေါ့။ တချို့လည်း သူတို့အရင်က နေခဲ့တဲ့ရွာတွေကို ပြန်သွားတာရှိတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကိုလည်း ပြန်လည်ပြုလုပ်နေတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၅ ရက်မှာ ဘန်ကောက်စစ်ရှောင်စခန်း ဗုံးကြဲခံရမှုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ကျောင်းသားနဲ့ အမျိုးသမီး စုစုပေါင်း ၉ ယောက် သေဆုံးခဲ့ပြီး အယောက် ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013