DVB Logo
Home
နိုင်ငံတကာ
MTV Video Music ဆုချီးမြှင့်ပွဲတွင် တေလာဆွစ် ဆု ၇ ခုရရှိ
DVB
·
September 12, 2024
MTV Video Music ဆုချီးမြှင့်ပွဲတွင် တေလာဆွစ် ဆု ၇ ခုရရှိ
Donate to DVB

၂၀၂၄ MTV Video Music ဆုချီးမြှင့်ပွဲကို နယူးယောက်မြို့ UBS ကွင်းမှာ ကျင်းပခဲ့ပြီး တေလာဆွစ်က ဆု ၇ ခုရရှိခဲ့ပါတယ်။

ဒီဆုပေးပွဲကို စက်တင်ဘာ ၁၀ ရက်မှာ ပြုလုပ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ သမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲနဲ့ တိုက်နေလို့ စက်တင်ဘာ ၁၁ ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

တနှစ်တာ အကောင်းဆုံးဗွီဒီယိုဆုကို တေလာဆွစ်က ရရှိခဲ့ပြီး တနှစ်တာ အကောင်းဆုံး အနုပညာရှင်ဆုကိုလည်း ရရှိခဲ့ပါတယ်။

ဒါ့အပြင် တေလာဆွစ်ဟာ အကောင်းဆုံးပူးပေါင်းဖန်တီးမှု၊ အကောင်းဆုံးပေါ့ပ်အဆိုတော်ဆု စတဲ့ ဆု ၇ ခု ရရှိခဲ့ပါတယ်။

အကောင်းဆုံး HipHop ဆုကို အက်မီနမ်က ရရှိခဲ့ပြီး အကောင်းဆုံး ရော့ခ်ဂီတသမားဆုကို အသက် ၆၀ အရွယ်ရှိ လန်နီကရာဗစ်က ဗွန်ဂျိုဗီ၊ ဂရင်းဒေးတို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့ပါတယ်။

အကောင်းဆုံး Kpop ဆုကိုတော့ Black Pink အဖွဲ့ဝင် လီဆာရဲ့ Rockstar သီချင်းက ရရှိခဲ့ပါတယ်။

VMAs Most Iconic Performance ဆုကို ကေတီပရီက ရရှိခဲ့ပါတယ်။ ဒီဆုဟာ ၂၀၂၃ ဇွန်လ ၂၂ ရက်ကနေ ၂၀၂၄ ဇွန်လ ၂၀ ရက်အတွင်းက ထွက်ခဲ့တဲ့ Music Videos တွေကို ရွေးချယ်ပြီး ဆုချီးမြှင့်တာပါ။

MTV Video Music Awards ကို မဲပေးတဲ့စနစ်နဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ မဲပေးမှုကို ဩဂုတ် ၃၀ ရက် ညနေ ၆ နာရီမှာ စတင်ခဲ့ပြီး စက်တင်ဘာ ၁၀ ရက် ၁၀ နာရီမှာ မဲပေးမှုကို ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ မဲပေးသူ တယောက်ချင်းဟာ ၁ ရက်ကို အမျိုးအစား ၁ ခုကို ၁၀ ကြိမ်သာ မဲပေးခွင့်ရှိပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013