DVB Logo
Home
မြန်မာသတင်း
ကုလအထွေထွေညီလာခံအစည်းအဝေး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် 
DVB
·
September 12, 2024
ကုလအထွေထွေညီလာခံအစည်းအဝေး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် 
Donate to DVB

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ ကုသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၁၀ ရက်က စတင်ကျင်းပတဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေ ပါတယ်။ 

စက်တင်ဘာ ၁၀ ရက် မနက်က  (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွညီလာခံ  ပိတ်ပွဲအခမ်းအနားနဲ့  နေ့လယ်ပိုင်းမှာ ကျင်းပတဲ့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပထမအကြိမ် မျက်နှာစုံညီ အစည်းအဝေးနဲ့ ဖွင့်ပွဲအခမ်းအနားကို  မြန်မာသံအမတ်ကြီးနဲ့ အဖွဲ့တက်ရောက်ခဲ့တာလို့  မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးက  ဒီကနေ့ သတင်းထုတ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီရိုဂူတာရပ်စ်ကအစည်းအဝေးမှာ မိန့်ခွန်းပြောရာမှာ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံရဲ့ သဘာပတိအဖြစ် ဒန်းနစ်ဖရန်စစ်  တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း “ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တိုးတက်ရေးနဲ့ ရေရှည်တည်တံခိုင်မြဲရေး” မျှော်မှန်းချက်အောက်မှ စွမ်းဆောင်ခဲ့မှုတွေကို  အသိအမှတ်ပြုတဲ့ အကြောင်း ထည့်သွင်းပြောသွား ပါတယ်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံအတွက် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံထားရတဲ့  ကင်မရွန်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဖိလီမွန်ယန်းက ညီလာခံ ကာလအတွင်း “Principles of Unity and Diversity” ဆိုတဲ့ မျှော်မှန်းချက်ကို အခြေခံအုတ်မြစ်ချကာ အားလုံးရဲ့ အသံကို ကြားသိစေဖို့သာမက တန်းဖိုးထားစေရေး  ဆောင်ရွက်သွားမယ်လို့ ပြောသွားပါတယ်။

ဒါ့အပြင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားဂုဏ်သိက္ခာ၊ ကျားမတန်းတူညီမျှမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းစေဖို့  ကုလသမဂ္ဂမျက်နှာစာမှာ တိုးမြှင့်ဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ တရားရေးရာမူဘောင်တွေ ခိုင်မာစေရေး စတာတွေကို ဦးစားပေးဆောင်ရွက်မယ်လို့ ညီလာခံ သဘာပတိက အလေးထား ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကမ္ဘာ့နိုင်ငံအသီးသီးက သက်ဆိုင်ရာနိုင်ငံအလိုက်  ခေါင်းဆောင်တွေက တက်ရောက်မိန့်ခွန်းပြောကြားလေ့ရှိတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်သူရွေးကောက်တင်မြှောက်ခံထားရတဲ့ နိုင်ငံခေါင်း ဆောင်တွေ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ အတွက် တက်ရောက် မိန့်ခွန်းပြောနိုင်ခြင်းမရှိပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင်ကိုလည်း  မြန်မာနိုင်ငံရဲ့ အစိုးရခေါင်းဆောင်ဖြစ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေက  အသိအမှတ် မပြုတဲ့အတွက် တက်ရောက် မိန့်ခွန်းပြောခွင့် မရပါဘူး။ 

အထွေထွေညီလာခံမှာ မြန်မာခေါင်းဆောင်အနေနဲ့ ဘယ်သူမှ တက်ရောက်မိန့်ခွန်းမပြောပေမဲ့ ကုလသမဂ္ဂရဲ့ တခြားအစည်းအဝေးတွေမှာတော့ NLD အစိုးရလက်ထက်ကတည်းက   ခန့်အပ် ထားတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ပတ်သက်လို့  ပြည်သူဘက်က ရပ်တည်ပြီး   ပြောဆို တင်ပြခွင့် ရရှိနေတာ ဖြစ်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ပြုဖို့  တောင်းဆိုတိုက်တွန်းတဲ့ ဆန္ဒပြပွဲတွေကိုလည်း ပြည်ပ ရောက် မြန်မာ့အရေးလှုပ်ရှားတွေ နိုင်ငံအသီးသီးမှာ ဆက်တိုက်ပြုလုပ်နေကြသလို ပြည်တွင်းက ပြည်သူတွေကလည်း ဆန္ဒထုတ်ဖော်နေကြပါတယ်။ 

အခုနှစ် အထွေထွေညီလာခံကနေ အဖွဲ့ဝင် ၉  နိုင်ငံပါရှိတဲ့  Credentials Committee   ( အရည်အချင်း စစ်ကော်မတီ)ကို အင်တီဂွာနှင့် ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဖွဲ့စည်းခန့်အပ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013