DVB Logo
Home
မြန်မာသတင်း
အမေရိကန်ဒေါ်လာဈေး တရက်အတွင်း ကျပ် ၅၀၀ မြင့်တက်
DVB
·
September 11, 2024
အမေရိကန်ဒေါ်လာဈေး တရက်အတွင်း ကျပ် ၅၀၀ မြင့်တက်
Donate to DVB

စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ သန်း ၂၀၀ နီးပါး ထုတ်ရောင်းပြီးနောက် ဆက်တိုက်ပြန်ကျခဲ့တဲ့ ဒေါ်လာဈေးက တရက်အတွင်း တဒေါ်လာကို  ကျပ် ၅၀၀ ကျပ်ဝန်းကျင် ပြန်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လလယ်ပိုင်းက ပြင်ပနိုင်ငံခြားငွေကြေး ဈေးကွက်မှာ ကျပ် ၇၀၀၀ ကျော်ထိ အမြင့်ဆုံးရှိခဲ့တဲ့  ဒေါ်လာငွေလဲနှုန်းက ဗဟိုဘဏ်က ဒေါ်လာ သန်းရာချီ ရောင်းချပေးခဲ့ ပြီးနောက်မှာ ဆက်တိုက်အကျ ရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းက တဒေါ်လာကို ကျပ် ၅,၀၀၀ ဝန်းကျင်ထိ ပြန်ရောက်ခဲ့ပေမဲ့ ဒီက‌နေ့ စက်တင်ဘာ ၁၁ ရက်မှာတော့ ကျပ် ၅,၅၀၀ ဝန်းကျင်ကို တရက်အတွင်း ထိုးတက်ခဲ့တာပါ။

စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပို့ပေးဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်က ထုတ်ပြန်ကြေညာအပြီး ဒီနေ့အထိ ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ထုတ်ရောင်းထားပါတယ်။

စစ်ကောင်စီက ဒေါ်လာတွေ သန်းချီထုတ်ရောင်းပြီးဒေါ်လာဈေးကွက်ကို အခုလိုဖြေရှင်းနေတာ အပေါ် ဈေးကွက်လေ့လာစောင့်ကြည့်သူတဦးက "ဒေါ်လာတွေ ထုတ်ရောင်း ဖြေရှင်းလည်း ယာယီပဲ အလုပ်ဖြစ်နိုင်မယ်။ တိုင်းပြည် မတည်ငြိမ်မှတော့ မြန်မာ့ကျပ်ငွေက ရည်ရှည်မှာ မမာနိုင်ပါဘူး" လို့ မှတ်ချက်ပြုပါတယ်။

ပြည်တွင်းရွှေဈေးကလည်း ပြီးခဲ့တဲ့ ဩဂုတ်လ လယ်ပိုင်းက ဒေါ်လာဈေးမြင့်တက်မှုနဲ့အတူ တကျပ်သားကို ကျပ်သိန်း ၈၀ ကျော်ထိ စံချိန်တင် အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဒေါ်လာဈေးပြန်ကျ ချိန်မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၄ သိန်းဝန်းကျင်အထိ ပြန်ရောက်ခဲ့ပါတယ်။

ဒီနေ့မှာတော့ ဒေါ်လာဈေးပြန်မြင့်တက်မှုနဲ့ အတူ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၈ သိန်းခွဲ ဝန်းကျင်အထိ ပြန်မြင့်တက်လာတယ်လို့ ပြင်ပ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013