DVB Logo
Home
အားကစား
စတမ်းဖို့ဒ်ဘရစ်ချ်အနီး ကွင်းသစ်တည်ဆောက်ရန် ချဲလ်ဆီးအသင်း စီစဉ်
DVB
·
September 11, 2024
စတမ်းဖို့ဒ်ဘရစ်ချ်အနီး ကွင်းသစ်တည်ဆောက်ရန် ချဲလ်ဆီးအသင်း စီစဉ်
Donate to DVB

ချဲလ်ဆီးအသင်းဟာ လက်ရှိအိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်နဲ့ တမိုင်လောက်အကွာမှာ ကွင်းသစ် တည်ဆောက်သွားဖို့ စီစဉ်နေပါတယ်။

ချဲလ်ဆီးအသင်းဟာ ပိုင်ရှင်ဟောင်း အေဗရာမိုဗစ် လက်ထက်မှာ ကွင်းကို ပြုပြင်ပြီး ပရိသတ်ဝင်ဆံ့ဦးရေ ပိုများလာဖို့ စီစဉ်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာတော့ ပိုင်ရှင်သစ် တော့ဘိုလီဟာ လက်ရှိအိမ်ကွင်းနဲ့ တမိုင်လောက်အကွာက အားလ်ကုတ်ဆိုတဲ့အရပ်မှာ ကွင်းသစ်တည်ဆောက်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စတင်ဆွေးနွေးနေကြောင်း တယ်လီဂရပ်ဖ်သတင်းမှာ ဖော်ပြပါတယ်။

ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေဟာ အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြုပြင်တည်ဆောက်တာထက်စာရင် ကွင်းသစ်ကို အလုံးစုံတည်ဆောက်ဖို့က ဦးစားပေး ရွေးချယ်မှုအဖြစ် သတ်မှတ်ထားကြတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဧပြီလက ကွင်းအနီးအနားရှိ စစ်မှုထမ်းဟောင်း ၁၀၀ ရဲ့ နေအိမ်တွေကို ပေါင်သန်း ၈၀ ပေးပြီး ဝယ်ယူထားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013