DVB Logo
Home
မြန်မာသတင်း
ရခိုင်မဟာဗျူဟာစီမံကိန်းစတင်
DVB
·
October 4, 2014
ရခိုင်မဟာဗျူဟာစီမံကိန်းစတင်
Donate to DVB

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း (လုပ်ငန်းစီမံချက်)ကို ပြည်ထောင်စုအစိုးရ နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် တင်မောင်မြင့်က အောက်တိုဘာ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ရှင်းလင်းပါတယ်။

“ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံကိန်း (လုပ်ငန်း စီမံချက်) Action Plan ကို အပိုင်း (၁) လုံခြုံရေး။ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ အပိုင်း (၂) ပြန်လည်ထူထောင်ရေး၊ အပိုင်း (၃) အမြဲတမ်း ပြန်လည်နေရာချထားရေး၊ အပိုင်း (၄) လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားစိစစ်ရေး၊ အပိုင်း (၅) လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ အပိုင်း (၆) ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးဆိုပြီး အပိုင်း (၆) ပိုင်းနဲ့ ရေးဆွဲဆောင်ရွက်လျက်ရှိပါတယ်။"

Parliment 12092014ဗိုလ်ချုပ်တင်မောင်မြင့် ပြောဆိုခဲ့တာပါ။ အသေးစိတ်ရှင်းပြတဲ့ထဲမှာ တရားမ၀င် ကျူးကျော်ဝင်ရောက်မှု တားဆီးကာကွယ်ရေး၊ လုံခြုံရေးစီမံမှုတိုးမြှင့်ရေးနဲ့ ရေကြောင်း ကင်းလှည့်ရေး၊ ပဋိပက္ခနှိမ်နင်းရာမှာ ထိရောက်ရေးအတွက် အစီအမံတွေ ပါဝင်ပါတယ်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ဒုက္ခသည်တွေကို ပြန်နေရာချဖို့နဲ့ ကျန်နေရာတွေက ဒုက္ခသည်တွေကို နေရာချထားရေးတွေ ပါဝင်ပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အမှတ် ၃ မဲဆန္ဒနယ် လွှတ်တော်အမတ် ဦးခင်မောင်က ရခိုင်ပြည်နယ်သားတွေအတွက် တခါမှ မရဖူးတဲ့ အခွင့်အလမ်းအစီအမံ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဆွေးနွေးသူ ၅ ဦးက ရခိုင်ပြည်နယ် ကိစ္စသာလျှင်မဟုတ်ဘဲ ပြည်ထောင်စုကိစ္စဖြစ်တယ်။ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေးအပိုင်းတွေမှာ ဖြည့်စွက် အကြံပြုဆွေးနွေးမှုသာရှိပြီး ကန့်ကွက်ဆွေးနွေးတာတော့ မရှိပါဘူး။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက အမေရိကန်နဲ့ တခြားသံရုံးတွေက စီမံချက်မူကြမ်းကို သူတို့ရရှိထားပြီး နိုင်ငံသားအဖြစ် အသိအမှတ်မပြုခံရသူတွေကို ယာယီထိန်းသိမ်းရေး စခန်းတွေမှာ ထားရှိမယ်ဆိုတဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်လို့ မူကြမ်းမှာပါရှိတဲ့ တချို့အချက်တွေ အပေါ် စိုးရိမ်ပူပန်မှုကို ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးအရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။

ဒါပေမယ့်လည်း လမ်းတွေ၊ အိမ်တွေ၊ ကျောင်းတွေနဲ့ ဆေးခန်းတွေကို စတင်ဆောက်လုပ်ဖို့ စတဲ့ အခြေခံအဆောက်အဦတွေ ဒီလထဲမှာ စတင်တည်ဆောက်ပြီး လာမယ့်မတ်လ မိုးရာသီမတိုင်မီ နေရာချထားရေး အစီအစဉ်တွေ လုပ်မယ်ဆိုတဲ့အပေါ်ကိုလည်း အပြုသဘောမြင်တယ်လို့ သတင်းက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရက နိုင်ငံသားစိစစ်ရေးကို မြေပုံမြို့နယ်က ဒုက္ခသည်စခန်းမှာ ရှေ့ပြေး အစီအစဉ်လုပ်ဆောင်ရာမှာ လျောက်ထားသူ ၁ ထောင်ကျော်အနက် ၂၉၀၀ ယောက်ကို နိုင်ငံသား ပေးခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေအရ စိစစ်လို့ နိုင်ငံသားဖြစ်သူတို့ကို လုံခြုံအေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေဖန်တီးပေးဖို့လိုသလို နိုင်ငံသား မဟုတ်သူတွေကို ဘယ်မှာထားရှိမယ်ဆိုတဲ့ အစီအမံ ပြည်ထောင်စုအစိုးရမှာ ကြိုတင်ရှိသင့်တယ်လို့ ပြောပါတယ်။

ဒေါက်တာအေးမောင်က “တည်ငြိမ်အေးချမ်းတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီ conflict ပြဿ နာကို ဖြေရှင်းဖို့က အဓိကကျပါတယ်။ အဲဒီလို အဓိကကျဖို့အတွက် ကျနော်တို့ စဉ်းစားတဲ့အခါမှာ ဒီပြဿ နာကို နိုင်ငံတကာသည်လည်းကောင်း၊ ပြည်ထောင်စုအစိုးရသည်လည်း ကောင်း၊ နိုင်ငံတကာအစိုးရများသည်လည်းကောင်း အာရုံစူးစိုက်ပြီးမှ ကျနော်တို့ရဲ့ အင်မတန် ပေါက်ပွားနေတဲ့ အိန္ဒိယ ဘင်္ဂလားပြည်နယ်မှာ ဟိုးအတိတ်မှာ ရှိခဲ့တဲ့၊ လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ရှိပေါက်ပွားနှုန်းကို ဘယ်လိုမျိုးထိန်းချုပ်မလဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ အဓိကနီးစပ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းနယ်မြေဒေသရဲ့ လုံခြုံမှု၊ အဓိကအားဖြင့် ရခိုင်မျိုးနွယ်စုတွေ မပျောက်ပျက် သွားနိုင်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ နိုင်ငံတကာ ပေါ်လစီ တခုလည်း လိုအပ်ပါတယ်”လို့ ဆိုပါတယ်။

ဗိုလ်ချုပ်တင်မောင်မြင့်က ၂၀၁၃ ခုနှစ် မတ်လက ဖွဲ့စည်းခဲ့တဲ့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီရဲ့ လုပ်ငန်းတာဝန် တွေ ဆောင်ရွက်မှုကိုလည်း လွှတ်တော်မှာ ရှင်းပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013