DVB Logo
Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲကြောင့် ကျောင်းသား ၆၃၀,၀၀၀ ကျော် ကျောင်းမတက်နိုင်
DVB
·
September 9, 2024
ဂါဇာစစ်ပွဲကြောင့် ကျောင်းသား ၆၃၀,၀၀၀ ကျော် ကျောင်းမတက်နိုင်
Donate to DVB

ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေးရဲ့ ထိုးစစ်ကြောင့် ဂါဇာကမ်း‌မြောင်က ကျောင်းသား ၆၃၀,၀၀၀ ကျော်ဟာ တနင်္လာနေ့မှာ ကျောင်းပြန်တက်နိုင်တော့မှာ မဟုတ်ဘူးလို့ ပါလက်စတိုင်း တာဝန်ရှိသူတွေကို ကိုးကားပြီး အယ်လ်ဂျာဇီးယား သတင်းဌာနက ထုတ်ပြန်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲရဲ့ တစိတ်တပိုင်းအနေနဲ့ အခြေအနေသစ်တွေကို ဟားမတ်စ်တွေဘက်က ထပ်တိုးတယ်လို့ တင်ပြခဲ့တဲ့ အမေရိကန် မီဒီယာတွေရဲ့ ဖော်ပြချက်တွေကို ဟားမတ်စ်အရာရှိက ပယ်ချခဲ့ပါတယ်။

အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာအလယ်ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မိုဘိုင်းလ်ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ခဲ့တယ်လို့  ဝန်ဆောင်မှုပေးသူ ပါတယ်လ် ကုမ္ပဏီနဲ့ ဝါဖာ သတင်းဌာနတို့က ပြောပါတယ်။

အစ္စရေးသိမ်းပိုက်တာ ခံထားရတဲ့ အနောက်ဘက်ကမ်းဒေသနဲ့ ဂျော်ဒန်နိုင်ငံကြား နယ်စပ်ဖြတ်ကူးတဲ့ စခန်းရှိရာ ဘုရင်ဟူစိန် အာလန်ဘီ တံတားမှာ တိုက်ခိုက်ခံရလို့ အစ္စရေးလုံခြုံရေးအစောင့် ၃ ယောက် သေဆုံးပြီးတဲ့နောက် တံတားကို ပိတ်ထားခဲ့ရပေမဲ့ တနင်္လာနေ့ မနက်ပိုင်းမှာ ပြန်ဖွင့်ခဲ့ပါတယ်။ သေနတ်သမားက ဂျော်ဒန်နိုင်ငံသားအဖြစ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။

ဂါဇာစစ်ပွဲမှာ လူ ၄၀,၉၇၂ ယောက်ထက်မနည်း သေဆုံးပြီး ၉၄,၇၆၁ ယောက် ဒဏ်ရာရရှိခဲ့ပြီးပါပြီ။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ် ဦးဆောင်ပြီး အစ္စရေးကို တိုက်ခိုက်မှုအတွင်း လူ ၁,၁၃၉ ‌ယောက်ထက်မနည်း သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်ကို ဓားစာခံအဖြစ် ဟားမတ်စ်တွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013