အောက်တိုဘာ ၃ ရက် ငွေလဲနှုန်းနှင့် ရွှေဈေး
DVB
·
October 3, 2014

အောက်တိုဘာ ၃ ရက်အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၉၈၆ ကျပ်၊ ဥရောပ ၁ ယူရိုကို ၁၂၄၅ ဒသမ ၁၀ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၀၂ ဒသမ ၅၉ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၇၇၃ ဒသမ ၆၉ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၃၀ ဒသမ ၃၂ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
အကယ်ဒမီရွှေဈေးကတော့ ၀ယ်ဈေး ၆၄၈၃၀၀ ကျပ် ဖြစ်ပြီး ရောင်းဈေးက ၁၀၀၀ ကျပ်တိတိ ပိုပါတယ်။
ဒီကနေ့ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၂၀၇ ဒသမ ၆ ဈေးပေါက်ပါတယ်။











