DVB Logo
Home
နိုင်ငံတကာ
စတားလိုင်နာ အာကာသယာဉ် လူမပါဘဲ ကမ္ဘာကို ပြန်ဆင်း
DVB
·
September 7, 2024
စတားလိုင်နာ အာကာသယာဉ် လူမပါဘဲ ကမ္ဘာကို ပြန်ဆင်း
Donate to DVB

ဘိုးရင်းရဲ့ စတားလိုင်နာ အာကာသယာဉ်ဟာ လူမပါဘဲ စက်တင်ဘာ ၆ ရက်က ကမ္ဘာကို ပြန်လည်ဆင်းသက်ခဲ့ပါတယ်။ 

စတားလိုင်နာ အာကာသယာဉ်ဟာ သောကြာနေ့ညက နယူးမက္ကဆီကို သဲကန္တာရမှာ ဆင်းသက်ခဲ့ တာပါ။  

စတားလိုင်နာ ကမ္ဘာမြေပြန်လည်ဆင်းသက်ခဲ့တာကို နာဆာက လိုက်လွှင့်ပြသခဲ့ပြီး ပြဿနာ တစုံတရာ မရှိဘူးလို့ ဖော်ပြပါတယ်။ 

၃ လစမ်းသပ်တဲ့မစ်ရှင်ဟာ နည်းပညာပြဿနာကြောင့် စတားလိုင်နာမှာ လိုက်ပါခဲ့တဲ့ အာကာသယာဉ်မှူး ၂ ဦးစလုံး နိုင်ငံတကာအာကာသစခန်းမှာ လာမယ့်နှစ်အထိ သောင်တင် နေပါတယ်။ 

နာဆာအာကာသယာဉ်မှူးတွေဖြစ်တဲ့ ဝီလ်မိုးနဲ့ ဆူနီဝီလျံတို့ဟာ ဇွန်လက စတားလိုင်နာကို ပထမဆုံးလိုက်ပါတဲ့သူတွေဖြစ်ခဲ့ပါတယ်။ 

ဘိုးရင်းအတွက်လည်း လူလိုက်ပါတဲ့ အာကာသယာဉ်လွှတ်တင်မှု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အာကာသယာဉ်မှူး ၂ ဦးဟာ ကမ္ဘာကို လာမယ့်နှစ်မှာ ပြန်လည်ဆင်းသက်မှာဖြစ်ပြီး SpaceX ရဲ့ Crew Dragon နဲ့  လိုက်ပါမှာဖြစ်ပါတယ်။ 

စတားလိုင်းနာဟာ ည ၁၁ နာရီမှာ ကမ္ဘာ့လေထုထဲ စတင်ဝင်ရောက်ခဲ့ပြီး ၁ နာရီမိုင် ၁၇၀၀၀ နှုန်းနဲ့ ဆင်းသက်ခဲ့ကာ ၄၅ မိနစ်အကြာမှာ လေထီးပွင့်ခဲ့ပြီး မြေပြင်ကို ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်ကစပြီး ဘိုးရင်းနဲ့ SpaceX တို့ကို နာဆာက အာကာသအတွင်း ပျံသန်းဖို့ ကန်ထရိုက် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ 

အဲဒီစာချုပ်အရ ဘိုးရင်းက ၄ ဒသမ ၂ ဘီလီယံ ရမှာဖြစ်ပြီး SpaceX က ၂ ဒသမ ၆ ဘီလီယံရမှာ ဖြစ်ပါတယ်။ 

SpaceXဟာ နာဆာအတွက် အာကာသထဲကို အာကာသယာဉ်မှူး ၉ ဦး ပို့ဆောင်ပေးခဲ့ဖူးပြီး ဘိုးရင်းအတွက်တော့ လူလိုက်ပါမှု ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ 

ဘိုးရင်းရဲ့ စတားလိုင်နာယာဉ်ဟာ ယာဉ်တည်ဆောက်မှုနှောက်နှေးတာတွေ ရှိခဲ့ဖူးပြီး  ၂၀၁၉ နဲ့ ၂၀၂၂ ခုနှစ်တွေတုန်းကလည်း နည်းပညာပြဿနာတွေကြောင့် လူမပါဘဲ စေလွှတ်ခဲ့ရဖူးပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013