DVB Logo
Home
အားကစား
မန်ယူကမ်းလှမ်းချက်ကို သောမတ်စ်တူချယ် လက်မခံခဲ့သည့် အကြောင်းအရင်း ထွက်ပေါ်
DVB
·
September 7, 2024
မန်ယူကမ်းလှမ်းချက်ကို သောမတ်စ်တူချယ် လက်မခံခဲ့သည့် အကြောင်းအရင်း ထွက်ပေါ်
Donate to DVB

 

မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို ဂျာမန်နည်းပြ သောမတ်စ်တူချယ်ဘက်က လက်မခံခဲ့တဲ့ အကြောင်းအရင်းတခု ထွက်ပေါ်လာပါတယ်။

ဂျာမန်သတင်းစာ Bild ရဲ့ ဖော်ပြချက်အရ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက တူချယ်ကို ခေါ်ယူခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပြီး အပြောင်းအရွှေ့ကိစ္စတွေမှာ လုပ်ပိုင်ခွင့် အပြည့်အဝ မရရှိတာကြောင့် ကမ်းလှမ်းချက်ကို လက်မခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

တူချယ်ဟာ ချဲလ်ဆီး၊ ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေကို တာဝန်ယူစဉ်ကလည်း  အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

မန်ယူအသင်းဟာ နည်းပြ တန်ဟတ်ဂ်ကို ဆက်လက်တာဝန်ပေးခဲ့ပြီးနောက် အပြောင်းအရွှေ့အတွက် ငွေကြေးပေါင်သန်း ၂၀၀ လောက် သုံးစွဲခဲ့တာပါ။

တူချယ်ဟာ အသင်းသစ်တသင်း တည်ဆောက်ဖို့ အပြောင်းအရွှေ့မှာ လုပ်ပိုင်ခွင့်အပြည့်အဝ ရရှိချင်သူဖြစ်တယ်လို့  ဂျာမန်ဘောလုံးကျွမ်းကျင်သူ မာဆယ်ရိဖ်က မှတ်ချက်ပေးသွားပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013