DVB Logo
Home
Lead Story
လစာ ၂ ဆ ပေးသည့် ဝေးလံခေါင်ဖျားမြို့ ၁၂၀ ရှိ
DVB
·
October 3, 2014
လစာ ၂ ဆ ပေးသည့် ဝေးလံခေါင်ဖျားမြို့ ၁၂၀ ရှိ
Donate to DVB

Parliment 29012014အစိုးရအဖွဲ့ဟာ လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားက မြို့နယ်ပေါင်း ၁၂၀ ကို ဝေးလံခေါင်ဖျား ဒေသတွေအဖြစ် သတ်မှတ်ပြီး ၀န်ထမ်းတွေကို လစာ ၂ ဆ ပေးနေတယ်။ နောက်ထပ် ဝေးလံခေါင်ဖျားမြို့နယ်အဖြစ် ထပ်ပြီး သတ်မှတ်ပေးသွားဖို့ စိစစ် စီစဉ်နေတယ်လို့ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။

အောက်တိုဘာ ၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရခိုင်ပြည်နယ် မြေပုံမြို့နဲ့ မြို့နယ်တချို့ဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ သွားလာရေး ခက်ခဲတဲ့အတွက် ၀န်ထမ်းတွေ လာပြီး တာဝန်မယူချင်တဲ့အကြောင်းနဲ့ မြေပုံမြို့နယ်ကို ဝေးလံခေါင်ဖျားမြို့နယ်အဖြစ် စာရင်းသွင်းပေးဖို့ ရှိ၊ မရှိ မေးမြန်းတာကို ပြည်ထောင်စုဒုဝန်ကြီးက ခုလို ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုဒုဝန်ကြီးကတော့ ဝေးလံခေါင်ဖျား မြို့နယ်အဖြစ် နောက်ထပ် သတ်မှတ်ဖို့ အတွက် အချက်အလက်တွေ စိစစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနကို တင်ပြ ထားတယ်လို့ ရှင်းပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013