DVB Logo
Home
ပညာရေး/နည်းပညာ
ဖေ့ဘွတ်ကြောင့် လူသိများခဲ့သည့် လက်ထောက်ကျောင်းအုပ်ကို လူမှုထူးချွန်ဆရာဆု ပေးမည်
DVB
·
October 3, 2014
ဖေ့ဘွတ်ကြောင့် လူသိများခဲ့သည့် လက်ထောက်ကျောင်းအုပ်ကို လူမှုထူးချွန်ဆရာဆု ပေးမည်
Donate to DVB

[caption id="attachment_66765" align="alignleft" width="300"]ဓာတ်ပုံ - ကိုအောင်ဇော်မြင့် ဓာတ်ပုံ - ကိုအောင်ဇော်မြင့်[/caption]ဖေ့ဘွတ် အင်တာနက်စာမျက်နှာမှာတော့ တာဝန်ထမ်းဆောင်မှုအပြီး တပည့်တွေနဲ့ ခွဲခွာရတဲ့အတွက် ဖြေမဆည်နိုင်ဖြစ်နေတဲ့ ဓာတ်ပုံတွေကြောင့် လူသိများခဲ့တဲ့ ချောင်းဦးမြို့နယ် ဆူးလေကုန်းကျေးရွာမှာ ၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လက်ထောက်ကျောင်းအုပ် ဆရာဦးသန်းလှိုင်ကို လာမယ့် အောက်တိုဘာ ၅ ရက်နေ့ နေပြည်တော် အမ်စီစီခန်းမမှာ ကျင်းပမယ့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားမှာ လူမှုထူးချွန်ဆရာဆု ပေးအပ်သွားမယ်လို့ သိရပါတယ်။

လူမှုထူးချွန်ဆရာဆုကို တနိုင်ငံလုံးကနေ ၂ ဦးသာ ချီးမြင့်ခြင်း ဖြစ်ပြီး ဆရာဦးသန်းလှိုင် လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က ဆရာဦးသန်းလှိုင်ရဲ့ ဂုဏ်ပြုနုတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး ခွဲခွာခါနီး ဆရာနဲ့ တပည့်တွေ ဖြေမဆည်နိုင်ဖြစ်နေတဲ့ပုံတွေကို ဒေသခံ ဦးအောင်ဇော်မြင့်က လူမှုကွန်ရက် ဖေ့ဘွတ်အင်တာနက်စာမျက်နှာပေါ် တင်ခဲ့ပြီး အဲဒီပုံတွေကို ပြည်သူ့လွှတ်တော်အမတ် ဦးစောလှထွန်းနဲ့ နိုင်ငံတော်သမ္မတရုံး ညွှန်မှူး မှူးဇော်တို့က ပြန်လည် ရှယ်ခဲ့ရာကနေတဆင့် နိုင်ငံတော်က သိရှိခဲ့ပြီး အခုလို လူမူထူးချွန်ဆရာဆု ပေးအပ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013