DVB Logo
Home
မြန်မာသတင်း
မြန်မာကလေးငယ်များ စစ်တပ်ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ ခါးစည်းခံနေရဟု သံအမတ်ကြီးပြော 
DVB
·
September 4, 2024
မြန်မာကလေးငယ်များ စစ်တပ်ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ ခါးစည်းခံနေရဟု သံအမတ်ကြီးပြော 
Donate to DVB

မြန်မာကလေးသူငယ်တွေဟာ စစ်ကောင်စီတပ်က ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြို လဲလုနီးပါးဖြစ်နေတဲ့ ကျန်းမာရေးနဲ့ ပညာရေးစနစ်ရဲ့ ဒဏ်ကို အမြင့်မားဆုံး ခါးစည်း ခံနေကြရတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ ကျင်း ပနေတဲ့ Executive Board of the United Nations Children’s Fund (UNICEF) ရဲ့ ၂၀၂၄ ခုနှစ်အတွက် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးမှာ ခုလိုပြောလိုက်တာပါ။

သံအမတ်ကြီးရဲ့ မိန့်ခွန်းထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို လွန်ခဲ့တဲ့ နှစ်တွေ အတွင်းမှာ တပ်သားသစ်စုဆောင်းမှုနဲ့ အသုံးပြုတာ၊ သတ်ဖြတ်တာ၊ ကိုယ်လက် အင်္ဂါချို့တဲ့စေတာ၊ အဓမ္မပြုကျင့်တာတွေနဲ့ တခြားသော လိင်ပိုင်းဆိုင်ရာ စော်ကားကျူး လွန်မှုတွေနဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှုတွေ ကျူးလွန်မှုတွေ ရှိခဲ့ပြီး သူတို့အပေါ် ကျရောက်နေတဲ့ လက်ငင်း ခြိမ်းခြောက်မှုတွေအဖြစ် ရင်ဆိုင်နေရတာဟာ ရင်နင့်ဖွယ် ကောင်းတယ်လို့ ထည့်သွင်း ပြောကြားထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေ၊ ကလေးငယ်တွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှုတွေကို စောင့်ကြည့်တာ၊ သူတို့ရဲ့ စိတ်ကျန်းမာရေးနဲ့ စိတ်ပိုင်း လူမှုပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်တာတွေစတဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်စေဖို့ UNICEF နဲ့ နိုင်ငံတကာအလှူရှင်တွေက ဆက်လက် ထောက်ပံ့ပေးနေတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်းနဲ့ မြန်မာမှာ လူသားချင်းစာနာမှုအခြေအနေက အလွန်အမင်း ဆိုးရွားနေသေးတာကြောင့် ဒီပြဿနာ ကို ဖြေရှင်းနိုင်ဖို့ အလှမ်းဝေးနေတယ်လို့လည်း ဆိုပါတယ်။

UNICEF ရဲ့ ထုတ်ပြန်ချက်အရ လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေတဲ့ ဒုက္ခသည် ၁၈ ဒသမ ၆ သန်းထဲက အရေအတွက် ၆ သန်းဟာ ကလေးငယ်တွေဖြစ်နေပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကြမ္မာဆိုးတွေအတွက် အကြမ်းဖက် စစ်တပ်က အဓိကအရင်းခံ ဖြစ်နေတာဟာ ရှင်းလင်းမြင်သာတယ်လို့လည်း ထည့်သွင်းပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ မိမိတို့ရဲ့ ကလေးငယ်တွေ၊ မိမိတို့ရဲ့ လက်ရှိမျိုးဆက်နဲ့ အနာဂတ် မျိုးဆက်တွေ အတွက် မြန်မာပြည်သူတွေက စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်နိုင်ဖို့ ပြတ်သားတဲ့ သန္နိဋ္ဌာန်ချထားပြီး၊ ဆထက်ထမ်းပိုး ကြိုးပမ်းနေပြီး ကလေးငယ်တွေကို အဖိုးတန်ရတနာတွေအဖြစ် ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့်မို့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ငြိမ်းချမ်းသာယာ ဝပြောပြီးတော့ ကလေးငယ် တွေရဲ့ အခွင့်အရေးကို လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မယ့် မြန်မာနိုင်ငံတည်ထောင်ရာမှာ ဝိုင်းဝန်းအားဖြည့် ကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013