DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း စစ်တက္ကသိုလ် ရုရှားဒုံးကျည်မှန်ပြီး ၅၀ ခန့် သေဆုံး၊ ယူကရိန်းဝန်ကြီး ၃ ဦး နုတ်ထွက်
DVB
·
September 4, 2024
ယူကရိန်း စစ်တက္ကသိုလ် ရုရှားဒုံးကျည်မှန်ပြီး ၅၀ ခန့် သေဆုံး၊ ယူကရိန်းဝန်ကြီး ၃ ဦး နုတ်ထွက်
Donate to DVB

ယူကရိန်းနိုင်ငံအလယ်ပိုင်း ပိုတာဗာမြို့က စစ်သင်တန်းကျောင်းကို ရုရှားက ပဲ့ထိန်းဒုံးကျည် ၂ စင်းနဲ့ ပစ်ခတ်ခဲ့ရာမှာ အနည်းဆုံး လူ ၅၀ သေဆုံးပြီး ၂၇၁ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက စက်တင်ဘာ ၃ ရက် မိန့်ခွန်းမှာ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ဘက်ဆက်သွယ်ရေးတက္ကသိုလ် အဆောက်အအုံ ပျက်စီးသွားကြောင်းနဲ့ ဒီဖြစ်ရပ်ကို အမြန်စုံစမ်းစစ်ဆေးဖို့လည်း အမိန့်ပေးခဲ့ပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အပျက်အစီးတွေကို ရှင်းလင်းနေပါတယ်။

အဆောက်အဦရဲ့ အပျက်အစီးတွေအောက်မှာ လူတွေရှိနေသေးပြီး အသက်ပေါင်းများစွာကို တတ်နိုင်သမျှ ကယ်တင်ဖို့ အားလုံးလုပ်ဆောင်နေပါတယ်လို့ ဇလန်းစကီးက ပြောပါတယ်။ ယူကရိန်း မြေပြင်တပ်ဖွဲ့ကတော့ စစ်ဘက်ဝန်ထမ်းတွေ သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

သေဆုံးသူ အရေအတွက် ဘယ်လောက်ဟာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလို့ အတိအကျ မဖော်ပြပေမဲ့ ဒါဟာ အင်အားပိုကြီးမားနေတဲ့ ရန်သူကို ထိန်းထားဖို့ တောင့်ခံနေချိန်မှာ ဒီတိုက်ခိုက်မှုက ကိယက်ဗ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။

ကီလိုမီတာ ရာနဲ့ချီ ဝေးတဲ့နေရာကနေ ပစ်လွှတ်ပြီး မိနစ်အနည်းငယ်အတွင်း ပစ်မှတ်တွေကို ထိမှန်စေတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို အသုံးပြုခြင်းမှာ လေကြောင်းရန် အချက်ပေးသံ မြည်လာပြီးနောက်မှာ အကာအကွယ်ရှာဖွေဖို့ အချိန်အနည်းငယ်သာ ရရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

“ဒါဟာ ယူကရိန်းနိုင်ငံသား အားလုံးအတွက် ကြေကွဲစရာပါပဲ။ ရန်သူက ပညာရေးအဖွဲ့အစည်းနဲ့ ဆေးရုံကို တိုက်ခိုက်ခဲ့ပါတယ်” လို့ ယူကရိန်းသမ္မတကတော် အိုလီနာ ဇီလန်စကာက X လူမှုကွန်ရက်မှာ ပို့စ်တင် ရေးသားခဲ့ပါတယ်။

ရုရှားကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။ ယူကရိန်းအစိုးရရဲ့ တချို့နေရာတွေမှာ အားကောင်းလာစေဖို့ အပြောင်းအလဲတွေ ရှိကြောင်းလည်း သမ္မတ ဇလန်းစကီးက ကြေညာခဲ့ပြီး သမ္မတရုံးမှာ အပြောင်းအလဲတွေ ရှိမယ်လို့ ဆိုပါတယ်။

သမ္မတ အမိန့်ဒီကရီတရပ်အရ ဇလန်းစကီးဟာ သူ့ရဲ့လက်ထောက်ရုံးဦးစီးချုပ် ရော့စ်တီစလာ့ဗ် ရှူရ်မာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

ရုရှားနဲ့ စစ်ပွဲအတွင်း ပြည်တွင်းလက်နက်ထုတ်လုပ်ရေး ကြီးကြပ်နေတဲ့ ယူကရိန်းအစိုးရ ဝန်ကြီးဟာ စက်တင်ဘာ ၃ ရက်မှာ တခြားဝန်ကြီး ၂ ယောက်နဲ့အတူ ရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ရာစလန် စတက်ဖန်ချပ်ခ်က ပြောပါတယ်။

သီတင်းပတ်တွေအတွင်း ပေါ်ပေါက်လာတဲ့ အစိုးရအလှုပ်အခတ်နဲ့ ပတ်သက်လို့ ဆွေးနွေးပြီးတဲ့နောက် လွှတ်တော်ကိုယ်စားလှယ်တွေဟာ မဟာဗျူဟာစက်မှုလုပ်ငန်းဝန်ကြီး အိုလက်ခ်စန်ဒါ ကာမီရှင်၊ တရားရေးဝန်ကြီး ဒဲနစ် မာလျူစကာနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ရုစလန် စထရေးလက်စ်တို့ရဲ့ နုတ်ထွက်ခွင့် တောင်းဆိုချက်တွေကို ပြန်သုံးသပ်မယ်လို့လည်း သူကပြောပါတယ်။

“ကျနော်က ကာကွယ်ရေးကဏ္ဍမှာ ဆက်ပြီးအလုပ်လုပ်နေပေမဲ့ တခြားကဏ္ဍတခုနဲ့ ဆက်လုပ်သွားမှာပါ” လို့ ကာမီရှင်က တယ်လီဂရမ် လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပြီး သူနုတ်ထွက်ကြောင်း အတည်ပြုခဲ့ပါတယ်။

အသက် ၄၀ အရွယ် ကာမီရှင်ဟာ မတ်လ ၂၀၂၃ မှာ ရာထူးခန့်အပ်ခံရပြီးတည်းက တိုက်ခိုက်ရေးဒရုန်းတွေကနေ တာဝေးပစ် ဒုံးကျည်တွေအထိ ကာကွယ်ရေးထုတ်လုပ်မှုကို မြှင့်တင်ဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှုကို ဦးဆောင်သူဖြစ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ကျူးကျော်မှုနောက်ပိုင်း တနှစ်အတွင်း သူဟာ အရပ်သားနဲ့ စစ်တပ်အတွက် အရေးကြီးတဲ့ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ အမျိုးသားမီးရထားလမ်းတွေကို ပြေးဆွဲပေးတဲ့ စစ်အတွင်း ထိရောက်တဲ့ စီမံခန့်ခွဲသူအဖြစ် သူ့ပုံရိပ်ကို တည်ဆောက်နိုင်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက နွေရာသီစကတည်းက အစိုးရပိုင်းမှာ ကြီးမားတဲ့ အပြောင်းအလဲတွေကို မျှော်လင့်ခဲ့ကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013