DVB Logo
Home
မြန်မာသတင်း
မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်၊  လူနေအိမ်အချို့ ထိခိုက်ပျက်စီး  
DVB
·
September 3, 2024
မန္တလေးနန်းတွင်းကို ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်၊  လူနေအိမ်အချို့ ထိခိုက်ပျက်စီး  
Donate to DVB

စစ်ကောင်စီတပ်စွဲထားတဲ့ မန္တလေးနန်းတွင်းကို စက်တင်ဘာ ၃ ရက် မနက်ပိုင်းက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး ပတ်ဝန်းကျင်က လူနေအိမ်တချို့လည်း ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မနက် ၄ နာရီကျော်မှာ ၆၆ လမ်း မန္တလေး နန်းတွင်းထဲကို ရှော့တိုက်ဒုံး ၂ လုံး ကျရောက်ပေါက်ကွဲပြီး တချိန်တည်းမှာပဲ ရွှေကျင်ဂိတ်ကို ရှော့တိုက်ဒုံး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မန္တလေးအခြေစိုက် မြေပြင်သတင်းအဖွဲ့ဖြစ်တဲ့ Voice of Mandalay က ဖော်ပြပါတယ်။

ရွှေကျင်တိုးဂိတ်ဟာ မန္တလေးမြို့ပတ်လမ်းနဲ့ မတ္တရာမြို့ဘက်အထွက်လမ်းဆုံရာမှာရှိပြီး အဲဒီကို လူနာတင်ကား ၄ စီးရောက်လာပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားတွေကို သယ်သွားကြောင်းလည်း ဖော်ပြထားပြီး အရေအတွက်ကိုတော့ မသိရပါဘူး။

နောက်ထပ် ရှော့တိုက်ဒုံး ၁ လုံးကတော့ နန်းတွင်းနဲ့ ကပ်လျက် ကျုံးမြောက်ဘက်ခြမ်း၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၈၀ ပေါ်က ၁၁ လမ်းနဲ့ ၁၂ လမ်းက အိမ်တအိမ်ရဲ့ အမိုးပေါ်ကို တလုံးကျရောက်ပြီး အမိုးကွန်ကရစ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးတော့ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ ၈ လမ်းဝန်းကျင်က တိုက်တလုံးပေါ်ကိုလည်း ဒုံးတလုံးကျရောက်ပေါက်ကွဲပြီး ဒေသခံတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Voice of Mandalay က ဖော်ပြပါတယ်။

မန္တလေး ဒေသခံတယောက်ကတော့ “ဒီရက်ပိုင်းမှာပဲ အစစ်အဆေးက တော်တော်ကြမ်းနေတာ။ မြို့ထဲမှာကတော့ ဆိုင်ကယ်တွေကားတွေ စစ်တာလောက်ပဲ။ တချို့ပစ္စည်းဆို ဖောက်စစ်တာမျိုး လုပ်တယ်။ ငွေပေးရင်တော့ မဖောက်တော့ဘူး။ မြို့ဝင်မြို့ထွက်က ပိုစစ်တယ်။ အခုမနက်ပိုင်းမှာပဲ သူတို့ဆီက အကောင်ကြီးတကောင်လာတယ်။ ဘာလဲတော့မသိဘူး။ လမ်းကြောင်းနဲ့လာတာ။ ၇၈ လမ်းကနေ အရှေ့ဘက်ကိုသွားတာ။ အဲဘက်မှာတော့ ရုံးတွေရှိတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Brave Warriors for Myanmar (BWM) ကတော့ သူတို့ရဲ့ စီမံမှုနဲ့ Shadow Mandalay အဖွဲ့က မနက် ၄ နာရီ ၈ မိနစ်မှာ မန္တလေးနန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ထဲကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာမှာ ၇ လုံးကို အောင်အောင်မြင်မြင် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဒီမနက်မှာ ထုတ်ပြန်ပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ရှမ်း-မန်း စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က တန်ပြန်ခုခံနေတဲ့ စစ်စခန်းတွေကို အဓိကကွပ်ကဲနေတဲ့ အရေးပါတဲ့ စစ်တိုင်းဌာနချုပ် ၂ ခုထဲက တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

BWM ဟာ ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်ကလည်း တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး ၇ လုံး ပစ်ခတ်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013