DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွန်ဇာလက်ဇ်ကို ဖမ်းဝရမ်းထုတ်
DVB
·
September 3, 2024
ဗင်နီဇွဲလားအတိုက်အခံခေါင်းဆောင် ဂွန်ဇာလက်ဇ်ကို ဖမ်းဝရမ်းထုတ်
Donate to DVB

ဗင်နီဇွဲလား တရားရုံးတရုံးဟာ အတိုက်အခံခေါင်းဆောင် အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ်ကို ပူးပေါင်းကြံစည်မှုအပြင် တခြားရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်းထုတ်လိုက်ကြောင်း စက်တင်ဘာ ၂ ရက်မှာ ရှေ့နေချုပ်ရုံးက ပြောကြားပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ အငြင်းပွားနေတဲ့ ဇူလိုင်လ သမ္မတရွေးကောက်ပွဲရဲ့ မဲစာရင်း အသေးစိတ် ရလဒ်တွေကို ထုတ်ပြန်တဲ့ အတိုက်အခံဝက်ဘ်ဆိုက်တခုနဲ့ ပတ်သက်ပြီး ဆင့်ခေါ်ချက် ၃ ခုကို တုံ့ပြန်ဖို့ ဂွန်ဇာလက်ဇ်က ပျက်ကွက်ခဲ့ပြီးနောက်မှာ အတိုက်အခံခေါင်းဆောင် အက်ဒ်မွန်ဒို ဂွန်ဇာလက်ဇ်ကို ဖမ်းဝရမ်းထုတ်ဖို့ ဗင်နီဇွဲလားရှေ့နေချုပ်ရုံးက စက်တင်ဘာ ၂ ရက်မှာ တောင်းဆိုခဲ့တာပါ။

မာဒူရို အပါအဝင် အာဏာရပါတီ အရာရှိတွေက အတိုက်အခံတွေကို အကြမ်းဖက်မှု လှုံ့ဆော်တယ်လို့ စွပ်စွဲထားပြီး ရှေ့နေချုပ် တာရက်ခ်ဆာ့ဘ်ကလည်း အတိုက်အခံ ခေါင်းဆောင် မာရီယာ ကိုရီနာ မာချာဒိုနဲ့ အတိုက်အခံတွေဘက်က ပြုစုထားတဲ့ မဲပုံးအဆင့် မဲစာရင်းမိတ္တူတွေကို တင်ထားတဲ့ ဝက်ဘ်ဆိုက်တို့ကို ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“အတိုက်အခံခေါင်းဆောင် ဂွန်ဇာလက်ဇ်ဟာ သူတို့ကို ထောက်ခံပေးမယ့် ကွန်မန်ဒီတိုစ် အဖွဲ့တွေကို ငှားရမ်းဖို့ အမိန့်ပေးခဲ့ပြီး ပြည်သူတွေ ခံစားနေရတဲ့ အကြမ်းဖက်မှုတွေကို သူက အသိအမှတ်ပြုခဲ့ပြီး ပြီးခဲ့တဲ့သောကြာနေ့က ဓာတ်အားပြတ်တောက်မှုကိုလည်း ထောက်ခံခဲ့တယ်” လို့ မာဒူရိုက နိုင်ငံပိုင်ရုပ်မြင်သံကြားမှာ ပြောသွားပါတယ်။

သူရဲဘောကြောင်တဲ့ ဂွန်ဇာလက်ဇ်ဟာ ဘယ် ဗင်နီဇွဲလား အစိုးရအဖွဲ့အစည်းကိုမှ အသိအမှတ် မပြုဘူးလို့ပဲ ပြောဖို့ အာရုံရှိနေတာလို့လည်း ဆိုပါတယ်။

ရှေ့နေချုပ် တာရက်ခ်ဆာ့ဘ်ဟာ တယ်လီဂရမ် အပလီကေးရှင်းကနေတဆင့် ဖမ်းဝရမ်းဓာတ်ပုံကို ရိုက်တာစ်သတင်းဌာနကို မျှဝေခဲ့ပါတယ်။

ဂွန်ဇာလက်ဇ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်ကတော့ သူတို့ဟာ ဖမ်းဝရမ်းထုတ်တဲ့ အကြောင်းကြားစာကို စောင့်မျှော်နေကြောင်း ပြောကြားခဲ့ပေမဲ့ မှတ်ချက်တစုံတရာ မပေးပါဘူး။ အတိုက်အခံပါတီကတော့ သူတို့မှာ ဘာအမှားအယွင်းမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

မဲခွဲဆုံးဖြတ်ချိန်ကတည်းက ဆန္ဒပြမှုတွေကြောင့် အနည်းဆုံး လူ ၂၇ ယောက် သေဆုံးခဲ့ပါတယ်

ဂွန်ဇာလက်ဇ်ကို ဖမ်းဝရမ်းထုတ်တဲ့ကိစ္စဟာ အငြင်းပွားဖွယ် ရွေးကောက်ပွဲအပြီးမှာ မာဒူရို အစိုးရရဲ့ အတိုက်အခံတွေကို ဖြိုခွင်းမှုတွေထဲမှာ ကြီးကြီးမားမား ပြဿနာတွေ တိုးမြင့်လာလိမ့်မယ်လို့ ရိုက်တာစ်သတင်းမှာ သုံးသပ်ထားပါတယ်။

ဗင်နီဇွဲလားနိုင်ငံရဲ့ အမျိုးသားရွေးကောက်ပွဲ အာဏာပိုင်အဖွဲ့နဲ့ ထိပ်တန်းတရားရုံးက ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာဒူရိုက ထောက်ခံမဲ ထက်ဝက်ကျော်နဲ့ အနိုင်ရခဲ့ကြောင်း ကြေညာခဲ့ပေမဲ့ အတိုက်အခံတွေက မျှဝေထားတဲ့ မဲစာရင်း ကိန်းဂဏန်းတွေမှာတော့ ဂွန်ဇာလက်ဇ်က အပြတ်အသတ် အနိုင်ရကြောင်း ပြသနေတာပါ။

အတိုက်အခံ၊ အနောက်နိုင်ငံတချို့နဲ့ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ မဲစာရင်းထုတ်ပြန်မှုဟာ ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြောဆိုကြပြီး မဲစာရင်းအပြည့်အစုံ ထုတ်ပြန်ပေးဖို့ တောင်းဆိုကာ မဲလိမ်လည်မှုတွေကိုလည်း ဝေဖန်ရှုတ်ချထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013