DVB Logo
Home
နိုင်ငံတကာ
၂၀၂၅ Oasis ရှိုးပွဲ ၁၇ ပွဲ၏လက်မှတ် သန်းချီ မိနစ်ပိုင်းအတွင်း ရောင်းကုန်
DVB
·
September 1, 2024
၂၀၂၅ Oasis ရှိုးပွဲ ၁၇ ပွဲ၏လက်မှတ် သန်းချီ မိနစ်ပိုင်းအတွင်း ရောင်းကုန်
Donate to DVB

ပြန်ပေါင်းထုတ်ခဲ့တဲ့ Oasis အဖွဲ့ရဲ့  ၂၀၂၅ ခုမှာ ကျင်းပမဲ့ ရှိုးပွဲ ၁၇ ပွဲအတွက် လက်မှတ်တွေကို စရောင်းတဲ့ ဩဂုတ် ၁၇ ရက်နေ့မှာပဲ မိနစ်ပိုင်းအတွင်း ရောင်းကုန်သွားခဲ့ပါတယ်။ 

၁၆ နှစ်အတွင်း ပထမဆုံးပြန်လည်ဖျော်ဖြေမှုအတွက် ပရိသတ်တွေက အွန်လိုင်းကနေ လက်မှတ် ဝယ်ယူရာမှာ အဆင်မပြေမှုတွေရှိခဲ့ပါတယ်။ လက်မှတ်ရောင်းတဲ့ ဝက်ဘ်ဆိုက်သုံးခုမှာ erorr တက်တာ၊ မဝယ်ရသေးခင် ပြန်ထွက်သွားတာလိုမျိုး ပြဿနာတွေ ကြုံရတဲ့အတွက် ဝေဖန်နေကြပါတယ်။ 

မိနစ်ပိုင်းအတွက် လက်မှတ် တသန်းကျော်ရောင်းကုန်သွားပေမဲ့ လက်မှတ်ကုန်သွားပြီဆိုတာကို  ၁၀ နာရီကြာတော့မှ ဗြိတိန်ဂီတအဖွဲ့ Oasis ဘက်က ထုတ်ပြန်ပေးခဲ့တဲ့အတွက်  ပရိသတ်တွေဟာ မသိဘဲ ဝယ်ခွင့်ရဖို့ အွန်လိုင်းမှာ အသည်းအသန်ကြိုးပမ်းခဲ့ကြပါတယ်။ 

လက်မှတ်တွေကို ဝယ်ပြီးပြန်ရောင်းတဲ့နေရာမှာ တချို့ဆိုရင် တစောင်ကို ပေါင် ၈,၀၀၀ (ဒေါ်လာ တသောင်းကျော်) လောက်အထိ တင်ရောင်းနေတယ်လို့ဆိုပါတယ်။ 

Oasis အဖွဲ့ဟာ ၂၀၂၅ ခု၊ ဇူလိုင်မှစတင်ကာ ဗြိတိန်နဲ့ အိုင်ယာလန်မှာ ရှိုးပွဲ ၁၇ ပွဲကျင်းပမှာဖြစ်ပြီး ဝေလပြည်နယ်၊ ကာဒစ်ဖ်မြို့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။ အဲဒီနောက် အဖွဲ့ကို ၁၉၉၁ ခုနှစ်က စတင်ထူထောင်ခဲ့တဲ့ မန်ချက်စတာအပြင် လန်ဒန်၊ အီဒင်ဘာရာ၊ ဒဗ္ဗလင်မြို့တွေမှာလည်း ဆက်လက်ဖျော်ဖြေသွားမှာပါ။ 

Oasis အဖွဲ့ဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ က Definitely Maybe အယ်လ်ဘမ်နဲ့ စတင်ထိုးဖောက်ခဲ့ပြီး ၂၀၀၉ မှာ ညီအစ်ကိုချင်း မပြေလည်မှုကြောင့် အဖွဲ့ကွဲသွားခဲ့တာ ဖြစ်ပါတယ်။ လိဒ်ဂီတာတီးခတ်သူနဲ့ အဓိကတေးရေးဖြစ်တဲ့ နိုးလ် ဂါလာဂါဟာ ညီဖြစ်သူ ပင်မအဆိုရှင် လီယမ်နဲ့ လက်တွဲမလုပ်နိုင်တာ့ဘူးလို့ ကြေညာခဲ့ပြီး ကွဲကွာခဲ့ကြတာဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013