DVB Logo
Home
နိုင်ငံတကာ
ထိုင်းရေကြီးမှု လယ်ယာစိုက်ခင်း ဧကပေါင်း ၃ သိန်းကျော် ပျက်စီးဆုံးရှုံး 
DVB
·
August 30, 2024
ထိုင်းရေကြီးမှု လယ်ယာစိုက်ခင်း ဧကပေါင်း ၃ သိန်းကျော် ပျက်စီးဆုံးရှုံး 
Donate to DVB

ထိုင်းနိုင်ငံမှာ သီတင်း ၂ ပတ်ကျော် ရေလွှမ်းမိုးမှုဖြစ်တာကြောင့် လယ်ယာစိုက်ခင်းပေါင်း  ၆၂၇,၀၃၃ Rai (ဧက ၃ သိန်းကျော်) ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထိုင်းလယ်ယာစိုက်ပျိုးရေးနဲ့ သမဝါယမဝန်ကြီးဌာနက ဩဂုတ် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ ၂၁ ခရိုင်တွင်း ရေကြီးရေလျှံကာ လယ်ယာစိုက်ခင်းတွေထဲ ရေဝင်တာကြောင့် တောင်သူလယ်သမား ၁၁၂,၀၄၉  ဦးပိုင် စိုက်ခင်းပေါင်း ၇၀၁,၅၂၅ Rai  ပျက်စီးဆုံးရှုံးခဲ့တယ်၊ အဲဒီထဲက စပါးပင် ၅၈၈, ၂၃၁ Rai၊  ကောက်ပဲသီးနှံ  ၈၆ , ၅၃၄  Rai နဲ့ အခြားစိုက်ခင်း ၂၆, ၇၅၉ Rai တို့ ဖြစ်တယ်၊ ရေလွှမ်းမိုးမှု ပုံမှန်အခြေအနေ မရောက်သေးတာကြောင့် နောက်ထပ်ပျက်စီးဆုံးရှုံးမှုရှိနိုင်တယ်လို့  ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဦးစီးဌာနရဲ့ ဩဂုတ် ၃၀ ရက် ထုတ်ပြန်ချက်အရ ဩဂုတ် ၁၆ မှ ၃၀ ရက်အတွင်း ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းမိုင်၊ ဖယောဝ်း၊ နန့်၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖရဲ့ ၊ ဥဒရာဒစ်၊ ဆုခိုထိုင်း၊ ဗိစနုလုတ်၊ နခွန်းဆဝမ်၊ လွေး၊ ဖစ်ချ်ဘွန်း၊ ဥဒွန်းဌာနီ၊ နောင်ခိုင်၊ နောင်ဘိုလမ်းဖူး၊ လယောင်း၊ ဖူးကက်၊ ယာ့လား၊ နခွန်းဆီထမရတ်၊ ဖန်င ၊ တရန်း၊ ဆဒွန်း စတဲ့ ခရိုင်ပေါင်း ၂၃ ခုမှာ ရေကြီးရေလျှံပြီး  ၁၀၂ မြို့နယ်၊ ၄၁၉ အုပ်စု ၊ ၂၂၆၆ ရပ်ကွက်/ကျေးရွာက အိမ်ထောင်စုပေါင်း ၆၉,၀၉၃ ရေဘေးသင့်ခဲ့ကာ လူပေါင်း ၂၂ ဦးသေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီကနေ့မှာလည်း ချင်းရိုင်း၊ ဆုခိုထိုင်း၊ ဗိစနုလုတ်၊ နခွန်းဆဝမ်၊ ဖစ်ချ်ဘွန်း စတဲ့ခရိုင် ၅ ခု မြို့နယ်ပေါင်း ၂၁ မြို့နယ်မှာ ရေကြီးနေဆဲဖြစ်ပါတယ်။

ထိုင်းအထက်ပိုင်းက ရေတွေဟာ ထိုင်းအလယ်ပိုင်းရှိ မြစ်ချောင်းတွေထဲ ဆက်လက်စီး ဆင်းသွားနေတာမို့ ဥထိုင်းဌာနီ၊ ချိုင်းယနတ်၊ ဆင်းပူရီ၊ အန်ထောင်း၊ ဆုဖန်းပူရီ၊ အယုဒ္ဓယ၊ လုပ်ပူရီ၊ ပထုမ်ဌာနီ၊ နွန်ထပူရီ၊  စမွတ်ပရကန်နဲ့ ဘန်ကောက်ခရိုင်တွေအတွင်း ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ပြင်ဆင်ထားဖို့  ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဦးစီးဌာနက ညွှန်ချုပ် နိုင်းချိုင်းဝပ် ဂျွန်ထိရဖုန်းက သတိပေးထားပါတယ်။

Source-  ThaiPBS / DDPM News

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013