DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း F-16 တိုက်လေယာဉ်ကို ရုရှားပစ်ချ 
DVB
·
August 30, 2024
ယူကရိန်း F-16 တိုက်လေယာဉ်ကို ရုရှားပစ်ချ 
Donate to DVB

ယူကရိန်းရဲ့ F-16 တိုက်လေယာဉ်ကို ရုရှားက ပစ်ချခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ထုတ်ဖော်ပြောဆိုထား ပါတယ်။

တနင်္လာနေ့က ရုရှားရဲ့ အပြင်းအထန်တိုက်ခိုက်မှုတွေကြောင့် F-16 တိုက်လေယာဉ်ပျက်ကျခဲ့တာ ဖြစ်ပြီး လေယာဉ်မောင်းလည်း သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။ 

ဒါဟာ ဒီလဆန်းကမှ ရရှိထားတဲ့ F-16 တိုက်လေယာဉ်ပထမဆုံးအကြိမ် ပျက်ကျမှုပဲဖြစ်ပါတယ်။ မဟာမိတ်တွေက ယူကရိန်းကို F-16 တိုက်လေယာဉ်‌ ၂၄ စင်း ပေးအပ်ခဲ့တာဖြစ်ပြီး ပထမဆုံး လေယာဉ်ပျက်ကျမှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တိုက်လေယာဉ် ပျက်ကျမှုက ရုရှားရဲ့ ဒုံးကျည်တွေရဲ့ တိုက်ရိုက်ထိခိုက်မှုကြောင့် မဟုတ်ဘူးလို့လည်း ပြောထားတာတွေရှိလို့ လေယာဉ်ပျက်ကျတဲ့အကြောင်းအရင်းမှန်ကိုတော့ မသိရသေးပါဘူး။

F-16 လေယာဉ်မှူးဟာ ရုရှားရဲ့ အကြီးဆုံး လေကြောင်း တိုက်ခိုက်မှုမှာ ခရုစ်ဒုံးကျည် ၃ စင်းနဲ့ ဒရုန်း ၁ စင်းကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ 

ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက အမေရိကန်လုပ် F-16 လေယာဉ်ဟာ ရုရှားတွေရဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ပစ်ချရင်းကနေ ပျက်စီးခဲ့တယ်လို့ အင်္ဂါနေ့မှာ ထုတ်ပြောထား ပါတယ်။ 

ဒါ့အပြင် ဇလန်းစကီးက ရုရှားနိုင်ငံထဲအထိ ရောက်တဲ့ တာဝေးပစ်ဒုံးကြည်တွေ အသုံးပြုခွင့်ပေးဖို့ မဟာမိတ်အဖွဲ့တွေဆီ တောင်းဆိုထားတာလည်း တွေ့ရပါတယ်။

F-16 တိုက်လေယာဉ်ပျက်ကျမှုဟာ လာမယ့်လမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဆီ အောင်ပွဲ အစီအစဉ်ပေးပို့မယ့် ဇလန်းစကီးအတွက် ထိုးနှက်ချက်တစ်ခုလည်း ဖြစ်ပါတယ်။ 

ယူကရိန်းဟာ ပြည်တွင်းထုတ် ဒုံးကျည်တမျိုး စမ်းသပ်မှုအောင်မြင်တယ်လို့ ပြောဆိုထားပေမဲ့ အသေးစိတ်ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013