DVB Logo
Home
အားကစား
လီဗာပူး၏ သမိုင်းအစဉ်အလာကြောင့် အသင်းပြောင်းရန် လွယ်ကူခဲ့ဟု ချီယေဇာ ပြော
DVB
·
August 30, 2024
လီဗာပူး၏ သမိုင်းအစဉ်အလာကြောင့် အသင်းပြောင်းရန် လွယ်ကူခဲ့ဟု ချီယေဇာ ပြော
Donate to DVB

လီဗာပူးအသင်းရဲ့ သမိုင်းအစဉ်အလာကြောင့် အသင်းပြောင်းရွှေ့ဖို့ လွယ်ကူခဲ့ကြောင်း ကစားသမားသစ် ချီယေဇာက ပြောသွားပါတယ်။ 

အသက် ၂၆ နှစ်ရှိ အီတလီလက်ရွေးစင် တောင်ပံကစားသမားဟာ ဂျူဗင်တပ်ကနေ ပေါင် ၁၂ သန်းခွဲ ဝန်းကျင်နဲ့ လီဗာပူးဆီ အပြီးသတ်ပြောင်းရွှေ့ လာတာပါ။

လီဗာပူးကစားသမားသစ်ဖြစ်လာတဲ့အပေါ် အလွန်ဝမ်းမြောက်မိပြီး အသင်းအားကစား ဒါရိုက်တာရဲ့ ကမ်းလှမ်းမှုရရှိချိန်မှာ အသင်းရဲ့သမိုင်းကြောင်းအစဉ်အလာကြောင့် နှစ်ခါမစဉ်းစားဘဲ အသင်းပြောင်းရွှေ့မယ်လို့ ချက်ချင်းခေါင်းညိတ်ခဲ့ကြောင်း ချီယေဇာက ပြောပါတယ်။

ချီယေဇာအနေနဲ့ မိုဆာလာ၊ လူးဝစ်ဒီယက်ဇ်၊ ဒီယေဂို ဂျိုတာ၊ ကိုဒီဂတ်ပိုနဲ့ ဒါဝင်နူညက်ဇ်တို့ ရှိနေတဲ့ တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့်အတွက် အထူးကြိုးပမ်းသွားရဖို့ ရှိနေပါတယ်။ 

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013