DVB Logo
Home
မြန်မာသတင်း
တက္ကစီယာဉ်မောင်းကို သတ်ဖြတ်မှု သံသယဖြင့် မြန်မာအမျိုးသား ၁ ဦးကို ထိုင်းရဲဖမ်းဆီး
DVB
·
August 29, 2024
တက္ကစီယာဉ်မောင်းကို သတ်ဖြတ်မှု သံသယဖြင့် မြန်မာအမျိုးသား ၁ ဦးကို ထိုင်းရဲဖမ်းဆီး
Donate to DVB

ထိုင်းနိုင်ငံသားတက္ကစီယာဉ်မောင်းတယောက်ကို  သတ်ခဲ့ပြီး ဆမွတ်ပရာကန်ခရိုင်၊ ဘန်ဖီက ငါး ကန်တခုနားမှာ အလောင်းကို ပစ်ထားခဲ့တယ်လို့ သံသယရှိ စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသား တယောက်  ဖမ်းဆီးခံခဲ့ရတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

သေဆုံးသူ တက္ကစီယာဉ်မောင်း အမျိုးသားကိုတော့ အသက် ၆၃ နှစ်အရွယ် မီးချိုင်လို့ သတင်းမှာ ဖော်ပြပြီး သံသယရှိသူအမျိုးသားက သတ်ဖြတ်ခဲ့ပြီးနောက် ရုပ်အလောင်းကို ချက်ကရီ နာရူဘောဒင်ဒရာ ဆေးပညာဌာနအနီး ငါးကန်နားက မြက်ခင်းတွေထဲမှာ ဝှက်ထားခဲ့တာကို ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက် မနက်ပိုင်းမှာ ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် ရဲတွေက အသက် ၄၂ နှစ်အရွယ် ဆန်းအမည်ရတဲ့ မြန်မာအမျိုးသားကို လူသတ်မှု သံသယနဲ့ နွန်ထဘူရီခရိုင်၊ ဘန်ဘွာထောင်က အိမ်တအိမ်ထဲမှာ အဲဒီနေ့ညပိုင်းမှာပဲ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

အခင်းဖြစ်နေရာမှာ တက္ကစီယာဉ်နဲ့ ယာဉ်မောင်းဖြစ်သူရဲ့ လက်ကိုင်ဖုန်းတို့ကို တွေ့ရှိခဲ့ရပြီး မြန်မာအမျိုးသားက အဆိုပါယာဉ်ကို စီးနင်းခဲ့ပေမဲ့ သတ်ဖြတ်ခဲ့တာ မရှိကြောင်း ရဲတွေကို ပြောပါတယ်။

ဒါ့အပြင် ရဲတွေက သွေးစွန်းနေတဲ့ ရှပ်အင်္ကျီအဖြူတထည်နဲ့ ရွှံ့တွေဖုံးနေတဲ့ ဘောင်း ဘီရှည် တထည်နဲ့အတူ သေဆုံးသူ မီးချိုင်ရဲ့လက်မောင်းတွေကို ချည်ထားတဲ့ကြိုးနဲ့ ဆင်တူတဲ့ ကြိုးတချောင်းကိုလည်း ရဲတပ်ဖွဲ့က သူ့ရဲ့ အိမ်ထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံး သူရဲ့ ဦးခေါင်းမှာ ဓားဒဏ်ရာနဲ့ ဦးခေါင်းခွံကွဲသွားတယ်လို့ စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

မီးချိုင်ရဲ့ မိသားစုဝင်တွေကတော့ သူတို့ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အမျိုးသားတယောက်ဆီက ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့ပြီး ခေါ်ဆိုသူ အမျိုးသားက သူ့ကို ဘတ် ၂၀၀၀၀ မပေးရင် မီးချိုင်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း ရဲတွေကို ပြောပါတယ်။

သံသယရှိသူကတော့ မီးချိုင်ကို သတ်သူဟာ မူးယစ်ဆေးဝါး အရောင်းအဝယ်သမား တယောက် ဖြစ်ပြီး အခင်းဖြစ်ပွားချိန် တနင်္လာနေ့ညပိုင်းမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ဖို့ အတူ သွားခဲ့တာဖြစ်ကာ မီးချိုင်ဟာ သူတို့ရဲ့ တက္ကစီယာဉ်မောင်းဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဆိုပါ မူးယစ်ဆေးဝါး အရောင်းအဝယ်သမားနဲ့ တက္ကစီယာဉ်မောင်း မီးချိုင်တို့ဟာ ကြွေးမြီကိစ္စနဲ့ စကားအခြေအတင် ကတောက်ကဆ ဖြစ်ခဲ့ကြပြီး မီးချိုင်ကို ဓားနဲ့ ခြိမ်းခြောက် ခဲ့တယ်လို့ မြန်မာအမျိုးသားက ရဲတွေကို ထွက်ဆိုထားပြီး နောက်ပိုင်း ဖြစ်တဲ့ကိစ္စတွေကို မသိရှိဘူးလို့ ပြောပါတယ်။

ရဲတွေကတော့ သူတို့ စစ်ဆေးတွေ့ရှိရတဲ့ အထောက်အထားတွေဟာ တခြားနည်းလမ်း တခုခုနဲ့ ဖော်ပြနေတာကြောင့်  မြန်မာအမျိုးသားရဲ့ ထွက်ဆိုချက်တွေကို မယုံလိုသေးဘူးလို့ ပြော ထားပါတယ်။

Source: Bangkok Post

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013