DVB Logo
Home
နိုင်ငံတကာ
စပိန်နိုင်ငံ ဂရန်းကာနာရီယာကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၀ ကျော်ကို တွေ့ရှိကယ်ဆယ်
DVB
·
August 29, 2024
စပိန်နိုင်ငံ ဂရန်းကာနာရီယာကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၀ ကျော်ကို တွေ့ရှိကယ်ဆယ်
Donate to DVB

စပိန်နိုင်ငံ ဂရန်းကာနာရီယာကမ်းလွန်မှာ  ရင်ခွင်ပိုက်ကလေး ၆ ယောက်ထက် မနည်းပါတဲ့ သစ်သားလှေပေါ်က ရွှေ့ပြောင်းနေထိုင်သူ ၁၂၄ ယောက်ထက်မနည်းကို ENSCO DS-10 တူးဖော်ရေးသင်္ဘောက သြဂုတ် ၂၈ ရက်မှာ တွေ့ရှိကယ်ဆယ်နိုင်ခဲ့ပါတယ်။  

စပိန်ကမ်းခြေစောင့်တပ်တွေက ရွှေ့ပြောင်းနေထိုင်သူတွေကို ကွန်ဆပ်စီယွန် အာရေနယ်လ် ကယ်ဆယ်ရေးလှေပေါ် လွှဲပြောင်းပေးပြီး ဂရန်းကာနာရီယာကျွန်းပေါ်က အာဂီနီဂီ ဆိပ်ကမ်းဆီ ခေါ်သွားခဲ့ပါတယ်။ 

ဥရောပသမဂ္ဂနယ်စပ်အေဂျင်စီ ဖရွန်တက်စ်ခ်ရဲ့ အချက်အလက်တွေအရ အနောက်အာဖရိကဆီကနေ ရွှေ့ပြောင်းသွားလာမှုလမ်းကြောင်းဟာ အခုနှစ်မှာ ၁၅၄ ရာခိုင်နှုန်း  တိုးလာခဲ့ပြီး ဒီနှစ်ရဲ့ ပထမခုနစ်လအတွင်း ကာနာရီကျွန်းတွေဆီ လူပေါင်း ၂၁,၆၂၀ ဖြတ်ကူးခဲ့ပါတယ်။ 

ကာနာရီကျွန်းတွေဆီက ရွှေ့ပြောင်းအခြေချသူတွေကို တင်ဆောင်လာတဲ့ ပထမဆုံး သစ်သားလှေဟာ ရွှေ့ပြောင်းနေထိုင်သူ ၂ ယောက်နဲ့အတူ လွန်ခဲ့တဲ့နှစ် ၃၀ က ၁၉၉၄ ခုနှစ် သြဂုတ်လ ၂၈ ရက်မှာ ရောက်လာခဲ့တာပါ။

အတ္တလန္တိတ်သမုဒ္ဒရာအတွင်း အေးဆေးတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် မျှော်လင့်ထားတဲ့အတိုင်း ရောက်လာတဲ့သူတွေ တိုးမလာခင် ရွှေ့ပြောင်းနေထိုင်သူတွေကို စစ်စခန်းတွေ ဒါမှမဟုတ် တဲတွေမှာ ထားရမယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောထားပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013