DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်း၌ ၇ လအတွင်း  အမျိုးသမီးနှင့် ကလေးသူငယ်အများအပါအဝင် အရပ်သား ၅၀၀ ခန့် သေဆုံး
DVB
·
August 28, 2024
စစ်ကိုင်းတိုင်း၌ ၇ လအတွင်း  အမျိုးသမီးနှင့် ကလေးသူငယ်အများအပါအဝင် အရပ်သား ၅၀၀ ခန့် သေဆုံး
Donate to DVB

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲမှာ အခုနှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ကနေ ဇူလိုင်လကုန်အထိ ၇ လတာအတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် အရပ်သား ၅၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၆၄ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် တလတာအတွင်းမှာပဲ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၃ ခုမှာ အရပ်သားသေဆုံးမှု ဖြစ်စေတဲ့ အကြမ်းဖက်ဖြစ်စဉ် ၂၇ ခု ဖြစ်ပွားခဲ့ပြီး ၄၃ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူ ၃၆ ဦး ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကလေး၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်းခရိုင်တွေက တခြားသော ခရိုင်တွေထက် အရပ်သား သေဆုံးမှု သိသိသာသာ များပြီး စုစုပေါင်း သေဆုံးသူ ၃၅၀ နီးပါး ရှိခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အရပ်သား သေဆုံးသူ စုစုပေါင်းရဲ့ ၉၅ ရာခိုင်နှုန်းကတော့ အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်တာတွေ၊ လက်နက်ကြီး၊ ဒရုန်း၊ မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှု တွေကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခု ၂၀၂၄ ခုနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သားသေဆုံးသူ ၁၀၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၉၀ အထိ ရှိခဲ့တာပါ။ 

ဒါ့အပြင် သေဆုံးသူတွေထဲမှာ အမျိုးသား ၆၀ ရာခိုင်နှုန်းနီးပါး ပါဝင်နေပြီး အမျိုးသမီးနဲ့ ကလေးသူငယ်သေဆုံးမှုကတော့ ၃၀ ရာခိုင်နှုန်းကျော် ပါဝင်နေတယ်လို့ ဆိုပါတယ်။

Data for Myanmar အဖွဲ့က ထုတ်ပြန်တဲ့ အနှစ်ချုပ် အစီရင်ခံစာထဲမှာတော့ စစ်ကိုင်း တိုင်းထဲမှာ အကြမ်းဖက်မှုတွေကြောင့် အရပ်သား သေဆုံးသူ လစဉ်ပျမ်းမျှ ၇၁ ဦးအထိ ရှိနေပြီး အခုနှစ်၊ ဇန်နဝါရီ၊ မတ်နဲ့ မေလတွေမှာ အရပ်သား သေဆုံးသူ ၉၀ ကျော်အထိ ရှိနေခဲ့တယ်လို့ ဖော်ပြပါတယ်။

ကျူးလွန်တဲ့ အဖွဲ့အစည်းအလိုက် အရပ်သားသေဆုံးမှုကို ကြည့်မယ်ဆိုရင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြောင့် ၄၂၈ ဦး သေဆုံးခဲ့သလို တော်လှန်ရေးအဖွဲ့အစည်းတွေကြောင့် အယောက် ၂၀၊ ပျူစောထီး အဖွဲ့တွေကြောင့် ၉ ဦးနဲ့ ကူကီးတပ်ဖွဲ့ကြောင့် ၄ ဦး သေဆုံးခဲ့ ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ကာလတွေအတွင်း ၃၈ ဦးကတော့ တိုက်ပွဲဖြစ်ပွားနေချိန် ထိမှန်သေ ဆုံးတာ၊ အရပ်သားအချင်းချင်း/ရာဇဝတ်ဂိုဏ်းတွေနဲ့ တခြားကျူးလွန်သူကို အတည်မပြု နိုင်တဲ့ ဖြစ်စဉ်တွေကြောင့် သေဆုံးခဲ့ရတယ်လို့လည်း ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013