DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုက အမေရိကန်၊ ကနေဒါ သံရုံးများနှင့်ဆက်ဆံရေး ယာယီရပ်ဆိုင်း
DVB
·
August 28, 2024
မက္ကဆီကိုက အမေရိကန်၊ ကနေဒါ သံရုံးများနှင့်ဆက်ဆံရေး ယာယီရပ်ဆိုင်း
Donate to DVB

မက္ကဆီကိုသမ္မတ ကျောထောက်နောက်ခံပြုထားတဲ့ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု အဆိုပြုချက်တွေကို နိုင်ငံခြားသံတမန်တွေက ဝေဖန်ပြစ်တင်ခဲ့ပြီးနောက်မှာ မက္ကဆီကိုအစိုးရဟာ နိုင်ငံ တွင်းရှိ အမေရိကန်နဲ့ ကနေဒါ သံရုံးတွေနဲ့ ဆက်ဆံရေးကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ သမ္မတ အန်ဒရေးစ် မာနူယယ်လ် လိုပက်ဇ် အိုဘရာဒေါက သြဂုတ် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

ဒီလိုဆက်ဆံရေး ရပ်ဆိုင်းတာဟာ နိုင်ငံတွေနဲ့မဟုတ်ဘဲ သံရုံးတွေကိုသာ ဆက်ဆံရေး ရပ်ဆိုင်းတာလို့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

သမ္မတ လိုပက်ဇ် အိုဘရာဒေါက “မက္ကဆီကိုရှိ အမေရိကန်နဲ့ ကနေဒါသံရုံးတွေဟာ မက္ကဆီကို ပြည်သူတွေနဲ့သာ သက်ဆိုင်တဲ့ကိစ္စတွေမှာ ဝင်စွက်ဖက်လိုနေကြပြီး မက္ကဆီကိုအစိုးရ လုပ်ဆောင်ချက်က မှားယွင်းနေကြောင်း အမေရိကန်သံအမတ်ကြီး ကန်ဆလာဇာရော၊ တချိန်တည်းမှာ တိုက်တိုက်ဆိုင်ဆိုင် ကနေဒါသံရုံးကလည်း ဝင်ပြောခဲ့တယ်၊ သူတို့မှာ ဒီလို ပြောခွင့်မရှိဘူး” လို့ ပြောပါတယ်။ 

ဆက်​ဆံ​ရေး​တွေ ဆက်​ရှိ​နေ​ဖို့ မျှော်လင့်ထားပြီး သူတို့အနေနဲ့ လေးစားလိုက်နာပါမယ် ဆိုတာကိုလည်း အတည်ပြုပေးရမယ်လို့ ဆိုပါတယ်။

မက္ကဆီကိုမှာ လူထုအကြိုက် တရားသူကြီးတွေရဲ့ ရွေးကောက်ပွဲရလဒ်ကြောင့် ပေါ်ပေါက်လာနိုင်တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက သိသိသာသာ စိုးရိမ်ကြောင်း သံအမတ်ကြီး ကန် ဆလာဇာက သြဂုတ် ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

မက္ကဆီကိုနိုင်ငံဆိုင်ရာ ကနေဒါသံအမတ် ဂရဲမ် ကလာ့ခ် ကလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟာ တရားရုံးချုပ် တရားသူကြီးတွေ အပါအဝင် တရားသူကြီးတွေကို လူထုဆန္ဒမဲနဲ့ ရွေးကောက်တင်မြှောက်ရမယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးကို တွန်းအားပေးနေတာပါ။ ဒီအဆိုပြုချက်ကို ထောက်ခံသူတွေကတော့ ဒီပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီကို မြှင့်တင်ပေးပြီး ပြည်သူကို အကျိုးပြုသော စနစ်တခုကို ပြုပြင်ရာမှာ အထောက်အကူဖြစ်စေမယ်လို့ ပြောကြပါတယ်။ 

ဆန့်ကျင်ဝေဖန်သူတွေကတော့ ဒါဟာ အုပ်ချုပ်ရေးအာဏာကို လွဲချော်စေမှာဖြစ်ပြီးတော့ တရားရုံးမှာလည်း ရာဇဝတ်မှုဆိုင်ရာ ဩဇာလွှမ်းမိုးမှုကို ပိုခံရစေနိုင်တယ်လို့ ပြောနေကြတာပါ။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013