DVB Logo
Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ် ရေဘေးတွင်  လူ ၂၃ ဦးသေဆုံး၊  ၅ ဒသမ ၇ သန်း ရေဘေးသင့်
DVB
·
August 27, 2024
ဘင်္ဂလားဒေ့ရှ် ရေဘေးတွင်  လူ ၂၃ ဦးသေဆုံး၊  ၅ ဒသမ ၇ သန်း ရေဘေးသင့်
Donate to DVB

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ မုတ်သုံမိုးနဲ့ ဆိုးဆိုးရွားရွား မြစ်ရေလျှံတာတွေကြောင့် သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်လာပြီး ခရိုင် ၁၁ ခုမှာ သောင်တင်နေသည့် မိသားစုပေါင်း ၁ ဒသမ ၂၄ သန်းရှိတယ်လို့ တာဝန်ရှိသူတွေက သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။

ရေလွှမ်းမိုးတဲ့ဒေသတွေမှာ နှေးနှေးကွေးကွေးနဲ့ ရေပြန်ကျနေပေမဲ့ ရေဘေးဒုက္ခသည် ၅ ဒသမ ၇ သန်းအနက် အများစုက အထီးကျန်ဖြစ်နေပြီး အစားအသောက်၊ ရေသန့်၊ ဆေးဝါးနဲ့ အဝတ်ခြောက်တွေ အရေးပေါ်လိုအပ်နေပါတယ်။

လမ်းတွေ ပိတ်ဆို့နေလို့ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဟန့်တားထားသလို ဖြစ်နေပါတယ်။

မုတ်သုံမိုး ဆက်ရွာနေပြီး ရေကျတာ သိပ်နှေးနေခဲ့ရင် ရေကြီးရေလျှံမှု အခြေအနေ ဆက်ရှိနေနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက ပြောပါတယ်။ 

မြေပြင်မှာ ဆေးအဖွဲ့ ၆၅၀ လောက် စေလွှတ်ထားပြီး ရေဘေးသင့်ဒေသတွေက ကယ်ဆယ်ရေး စခန်း ၃,၅၀၀ မှာ လူပေါင်း ၄၇၀,၀၀၀ လောက် ခိုလှုံနေကြရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကာလကြာရှည်ဆက်ပြီး ရေကြီးရေလျှံနေခဲ့ရင် လယ်ယာမြေတွေ ရေနစ်မြုပ်လို့ သီးနှံတွေအတွက် သိသိသာသာ ခြိမ်းခြောက်မှု ရှိလိမ့်မယ်လို့ စိုက်ပျိုးရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ၂ဝ၁၅ ခုနှစ် ခွဲခြမ်း စိတ်ဖြာချက်အရ ကမ္ဘာ့ရာသီဥတုဒဏ် အခံရဆုံးနိုင်ငံတွေထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူ ၃ သန်းခွဲဟာ နှစ်စဉ် မြစ်ရေကြီးမှုအန္တရာယ်နဲ့ ရင်ဆိုင်နေကြရပါတယ်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ကပ်ဘေးဖြစ်ရပ်တွေ ပိုဆိုးရွားလာတာလို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013