DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးအလေးချိန် ၁ တန်ခွဲ ဖမ်းဆီးရမိ 
DVB
·
August 27, 2024
ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးအလေးချိန် ၁ တန်ခွဲ ဖမ်းဆီးရမိ 
1 / 2
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ဘက်ကနေ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးမျိုးစုံ အလေးချိန် ၁၅၀၀ ကီလိုဂရမ် (၁ တန်ခွဲ) ခန့် ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ပရက်စ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက် ည ၁၁ နာရီခွဲလောက်က ကားနောက်ခန်းမှာ သံထည်နဲ့ကွန်တိန်နာအသွင်လုပ်ထားတဲ့ မသင်္ကာဘွယ် ဟိုင်းလပ်စ်ကားတစီး တာ့ခရိုင် စစ်ဆေးရေးဂိတ်ကနေ လွတ်မြောက်သွားလို့  တာဝန်ရှိသူတွေက ထိုင်းနိုင်ငံအတွင်းပိုင်း စစ်ဆေးရေးဂိတ်တွေကို လှမ်းပြီး အကြောင်းကြားခဲ့ပါတယ်။ 

ညသန်းခေါင်ကျော်အချိန်ရောက်တော့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေဟာ ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီ  ဘန့်လိုက်မြို့နယ် အဝေးပြေးလမ်းမကြီးပေါ်ကနေ  အဆိုပါဟိုင်းလပ်စ်ကား နဲ့ နောက် ကနေ လိုက်လာတဲ့ ကားတစီးကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ 

ဟိုင်းလပ်စ်ကားနောက်ခန်း အနက်ရောင်မိုးကာကို ခွာချပြီး ကွန်တိန်နာကို စစ်ဆေးရာမှာ မူးယစ်ဆေးဝါးတွေ ထည့်ထားတဲ့ ဆာလာအိတ်ပေါင်း  ၆၀ လုံးကို ဖမ်းမိခဲ့ပါတယ်။  အဆိုပါအိတ်တွေထဲမှာ  စိတ်ကြွဆေးပြား ၄,၈၀၀,၀၀၀  ပါ  အိတ် ၂၄ လုံး၊  အိုက်စ်မူးယစ်ဆေး  ၅၀၀ ကီလိုဂရမ်ပါသော အိတ်အလုံး ၂၀၊ ခေတာမင်းမူးယစ်ဆေး ၃၀ ကီလိုဂရမ်ပါ  အိတ် ၁၀ လုံး၊   ဘိန်းဖြူ အလေးချိန် ၂၂၅ ကီလိုဂရမ်ပါ အိတ် ၆ လုံးတို့ တွေ့ရှိခဲ့ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး  မူးယစ်ဆေးတင်ကားပေါ်က နိုင်းထနေ့စ် (၃၉ နှစ်) နဲ့ နိုင်းကျီရဝပ် (၃၆ နှစ်)၊ နောက်ကလိုက်လာတဲ့ ကားမောင်းသူ နိုင်းအဒီးဆစ် (အသက် ၄၀) တို့ကို ဖမ်းဆီးစစ် ဆေးနေကြောင်း၊ ဩဂုတ် ၂၇  ညနေမှာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် Big Taai ကိုယ်တိုင် ဘန့်လိုက်မြို့နယ် ရဲစခန်းကိုရောက်လာပြီး သတင်းစာရှင်းဖို့ရှိတယ်လို့ မဒီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013