DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေး 
DVB
·
August 27, 2024
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး သုံးပွင့်ဆိုင်ဆွေးနွေး 
Donate to DVB

ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတည်ပြုနိုင်မယ့် အချက်တွေကို အာဏာသိမ်းစစ်တပ်အပြင် ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့  NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကို သီးသန့်စီခွဲပြီး ဆွေးနွေးခဲ့ပေမဲ့ ဒီတကြိမ်မှာတော့ အားလုံးပါတဲ့ သုံးပွင့်ဆိုင်ဆွေနွေးပွဲကို နေပြည်တော်မှာ ဩဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

အဲဒီသုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာတော့ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲ အလွန် ပေါ်ပေါက်လာတဲ့ လွှတ်တော်ကနေ  ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး သဘောတူ ထားတဲ့ အချက်တွေကို အတည်ပြုနိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြတာလို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်က ပြောပါတယ်။

NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက သူတို့တွေ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရေး၊နိုင်ငံရေး အကျပ်အတည်းတွေကို နိုင်ငံရေးပါတီတွေနဲ့ ပြောဆိုဆွေးနွေးကြဖို့ အရင် NSPNC ဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ရာပြည့် တာဝန်ယူချိန်ကတည်းက တောင်းဆိုခဲ့ပေမဲ့ ခွင့်ပြုချက် မရဘဲ အခု NSPNC ဥက္ကဋ္ဌသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် လက်ထက်မှ ဆွေးနွေးခွင့် ရခဲ့တာလို့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက  ပြောပါတယ်။

နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ဖို့သဘောတူထားတဲ့အချက်တွေဟာ အရေးကြီးတဲ့ ပြင်ဆင်ချက်တွေ မပါပေမဲ့ စစ်ဘောင်ကို ချုံ့ပြီး နိုင်ငံရေးဘောင်ကို ဘယ်လို ကျယ်အောင် လုပ်ကြမလဲဆိုတာကိုတော့ ဆွေးနွေးနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ  စစ်တပ်အာဏာသိမ်းကတည်းက ပျက်ပြယ်သွားပြီလို့ ပြောဆိုခဲ့ပြီး အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် တစ်ခု ရေးဆွဲဖို့ ပြင်ဆင်နေကြပါတယ်။

 အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013