DVB Logo
Home
မြန်မာသတင်း
တရားမ၀င်စားကုန်သုံးကုန်များ သိန်း ၈ ထောင်ဖိုးခန့် ဖျက်ဆီး
DVB
·
October 2, 2014
တရားမ၀င်စားကုန်သုံးကုန်များ သိန်း ၈ ထောင်ဖိုးခန့် ဖျက်ဆီး
Donate to DVB

မြန်မာနိုင်ငံအတွင်း တရားမ၀င်တင်သွင်းလာတဲ့ စားးသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေ ၂ နှစ်တာကာလအတွင်း မြန်မာကျပ်ငွေ သိန်း ၈၀၀၀ ဖိုးလောက်ထိ ဖျက်ဆီးပစ် နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနပေါင်းစုံနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ မိုဘိုင်းတင်းအဖွဲ့က ဒီဗွီဘီကို ပြောပါတယ်။

တရားဝင် တင်သွင်းခွင့်ထောက်ခံချက်တွေ မပါတဲ့ စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းတွေ အမြောက်အများဟာ တရုတ်ပြည်ဘက်ကနေ မြန်မာပြည်တွင်းကို နည်းလမ်းပေါင်းစုံနဲ့ ၀င်ရောက်နေတာပါ။

mobile team copyဒီလို တရားမ၀င်တင်သွင်းတဲ့ အသားတွေနဲ့ လူသုံးကုန်တွေကို မိုဘိုင်းတင်းအဖွဲ့က စတင်တည်ထောင်တဲ့ ၂၀၁၂ နှစ်ကုန်ပိုင်းကနေ စတင်ဖမ်းဆီးခဲ့ရာမှာ ၂၀၁၄ စက်တင်ဘာလအထိ ၂ နှစ်တာအတွင်း တရုတ်မြန်မာနယ်စပ် မူဆယ်လမ်းကြောင်းမှာတင် ကျပ် သိန်း ၈၀၀၀ ဖိုးလောက်ထိ ဖျက်ဆီးနိုင်ခဲ့တယ်လို့ မိုဘိုင်းတင်းက ကွပ်ကဲမှုတာဝန်ခံ ဦးရန်နိုင်ထွန်းက ပြောပါတယ်။

“ထောက်ခံချက်တွေမပါတဲ့ တဖက်နိုင်ငံက အသားတွေ ၀င်လာတာမျိုးတွေ ရှိတယ်။ ဒါတွေကို တားဆီးတယ်။ မိုဘိုင်းတင်းနဲ့ စပြီးတားဆီးတဲ့ကာလကနေပြီး အခုအချိန်အထိ မူဆယ် လမ်းကြောင်းဆိုရင် သိန်း ၈၀၀၀ နီးပါး ဖျက်ဆီးနိုင်ခဲ့တယ်။ အဲဒီထဲမှာ ဘာတွေပါလဲဆိုတော့ စားဆီတွေပါတယ်။ ခြင်ဆေးတွေပါတယ်။ နောက်တခါ ဘီယာပါလာတယ်။ နောက်တခါ ဖဲထုတ် တွေလိုဟာမျိုးတွေပါတယ်။ ကလေးတွေ စားသုံးဖို့မသင့်တော်တဲ့ စစ်ဆေးထားခြင်းမရှိသေးတဲ့ တဖက်နိုင်ငံက ၀င်လာတဲ့ မုန့်မျိုးစုံ ပါလာတယ်။ အဲဒီဥစ္စာအားလုံးက မူဆယ်ဘက် မှာတင် ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်က ၂၃ ခုလောက်ရှိခဲ့တယ်။ ဖျက်ဆီးထားတဲ့ ပမာဏဟာ သိန်း ၈၀၀၀ လောက် ရှိတယ်။”

တရားမ၀င်ကုန်သွယ်မှုပေါင်းစုံကနေ ဖမ်းဆီးရရှိခဲ့တဲ့ ပမာဏဟာ ငွေကြေးအားဖြင့် ကျပ်ငွေ ၂၂ ဘီလီယံလောက်ရှိခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒီလို ဖမ်းဆီးအရေးယူနိုင်ခဲ့တဲ့အတွက် တရားဝင် ကုန်သွယ်မှုပမာဏတွေဟာ ဒီနှစ် အတွင်း မြင့်တက်လာခဲ့တယ်လို့ ခုလို ဆိုပါတယ်။
“၂၂ ဘီလျံလောက် တားဆီးပေးနိုင်ခဲ့တဲ့ပမာဏ၊ ၁ ဘီလျံလောက် ဖျက်ဆီးပေးတဲ့ ပမာဏ ဟာ တပြိုင်ထဲမှာ ဘာကိုလာပြီး သက်ရောက်မှု ရှိလဲဆိုတော့ ကုန်သွယ်မှုတက်လာတယ်။ ပြီးခဲ့တဲ့ ကာလတို ၆ လထက်စာရင် ကုန်သွယ်မှုက ၃ ဒသမ ၃ ဘီလျံလောက် တက်လာတယ်။ မနှစ်က ကာလတို ၆ လနဲ့ လက်ရှိ ဘတ်ဂျက်ရေးထားတဲ့ ၆ လကို ကုန်သွယ်မှုပမာဏနှိုင်းယှဉ်လိုက်ရင်တော့ ၃ ဒသမ ၃ ဘီလျံလောက် တက်လာတယ်။”

ခု စက်တင်ဘာလထဲမှာတော့ ထူးခြားဖြစ်စဉ်အနေနဲ့ ချယ်ရီဦးက ရိုမန်ဆန် နာရီတွေကို ဖမ်းဆီး အရေးယူပြီးနောက်ပိုင်းမှာ တရားမ၀င်တင်သွင်းမှုတွေ လျော့နည်းသွားတယ်လို့လည်း ဆိုပါတယ်။

မိုဘိုင်းတင်းအနေနဲ့ ဒီလထဲမှာ ကွန်တိန်နာ ၁ သောင်းကျော်လောက် အ၀င်ရှိရာမှာ ၂၀၀ ခန့်ကို စစ်ဆေးနိုင်ခဲ့ပြီး အမှုအသေးစား ၄၀ ကျော်လောက်တွေ့ရတယ်လို့လဲ သိရှိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013