DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် ဆောက်လက်စ အမြန်ရထားလမ်း ဥမင်လိုဏ်ခေါင်း မြေပြိုပြီး မြန်မာ ၁ ဦး တရုတ် ၂ ဦး ပိတ်မိ
DVB
·
August 26, 2024
ထိုင်းတွင် ဆောက်လက်စ အမြန်ရထားလမ်း ဥမင်လိုဏ်ခေါင်း မြေပြိုပြီး မြန်မာ ၁ ဦး တရုတ် ၂ ဦး ပိတ်မိ
Donate to DVB

ထိုင်းအရှေ့မြောက်ပိုင်း၊ အီဆန်ဒေသ၊ နခွန်းရာ့ချ်ဆီမားခရိုင်ထဲမှာ ဩဂုတ် ၂၅ ရက် မနက်က ဆောက်လက်စ အမြန်ရထား ဥမင်လိုဏ်ခေါင်းတွင်း မြေပြိုပြီး မြန်မာအလုပ်သမားတယောက်နဲ့ တရုတ်အလုပ်သမား ၂ ယောက် ပိတ်မိနေတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ဥမင်လိုဏ်ခေါင်းမှာ နခွန်းရာ့ချ်ဆီမားခရိုင်၊ ပါတ်ချောင့်မြို့နယ်၊ ကျန့်ထိုက်ရွာ အပိုင်းမှာ တည်ရှိပြီး ၁ ကီလိုမီတာခွဲ ပြီးဆုံးပြီဖြစ်ကြောင်း၊ ကျန်တဲ့အပိုင်းကို ဆက်လက်လုပ်ဆောင်ဖို့ ကားနဲ့မောင်းဝင်သွားပြီး မကြာခင် မြေပြိုကျကာ လိုဏ်ခေါင်းဝကို ပိတ်ဆို့သွားခဲ့တာပါ။

ပိတ်မိနေသူ ၃ ယောက်ကို ကယ်တင်ဖို့ တာဝန်ရှိသူနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ လိုဏ်ခေါင်းတွင်းကို အောက်စီဂျင်ဓာတ်တွေ လွှတ်ပေးတာ၊ ပြိုကျလာတဲ့ မြေကြီးတွေ တူးထုတ်ပစ်တာ၊ နောက်ထပ်မြေမပြိုအောင် မြေထိန်းတာတွေ လုပ်နေတယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။

နာရီပေါင်း ၄၀ ကျော် ရှာဖွေပေမဲ့ မကယ်တင်နိုင်သေးကြောင်း၊ ဒါပေမဲ့ မနေ့ညက အထဲကနေ ထုနှက်သံလို ကြားမိတာကြောင့် သူတို့တွေ အသက်ရှင်နေသေးတယ်လို့ ယူဆတယ်၊ ရေဒါနဲ့ Scan ရာမှာ သူတို့တွေ အသက်ရှင်လျက်ရှိတဲ့ လက္ခဏာကို တွေ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ပျောက်ဆုံးနေသူ ၃ ယောက်မှာ ဟူဆင်မင် (တရုတ်နိုင်ငံသား) အလုပ်ကြပ်၊ တုံချင်မင် (ဘက်ဟိုးမြေတူးစက်မောင်းနှင်သူ) နဲ့ အမည်မသိ မြန်မာလုပ်သား (မြေသယ်ကားမောင်းသူ) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အမြန်ရထားလမ်းမှာ ဘန်ကောက်နဲ့ နခွန်းရာ့ချ်ဆီမားခရိုင်ကို သွယ်တန်းထားပြီး ဥမင်လိုဏ်ခေါင်း ၄ နေရာရှိကြောင်း၊ နောက်နောင် တရုတ်နိုင်ငံထိပါ တိုးချဲ့ဆက်သွယ် ကူးလူးနိုင်ရေး ရည်ရွယ်ပြီး ထိုင်းနဲ့ တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်၊ အရှည် ၁၂ ဒသမ ၂၃ ကီလိုမီတာ ရှည်လျားပြီး ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ လာမယ့်နှစ် ဇွန်လထဲ ပြီးစီးဖို့ ရည်ရွယ်တယ်၊ ကုန်ကျငွေ ဘတ်သန်းပေါင်း ၄,၂၉၉ ခန့်ရှိမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Source: Khaosod

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013