
စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက ထုတ်လုပ်ဖြန့်ဖြူးထားတဲ့ ၈၀၀ မဂ္ဂါဟပ်စ် သုံး မိုဘိုင်းဖုန်းသုံးစွဲသူတွေ အနေနဲ့ Voice Mail ၀န်ဆောင်မှု ရယူနိုင်ပြီလို့ ထုတ်ပြန်ကြေငြာပါတယ်။
Voice Mail ၀န်ဆောင်မှုဆိုတာဟာ ကိုယ်က ဖုန်းပိတ်ထားချိန်၊ ဒါမှမဟုတ် ဖုန်းပြောဆိုနေချိန်၊ ဒါမှမဟုတ် ဆက်သွယ်ရေးဧရိယာ ပြင်ပရောက်ရှိနေချိန်တွေမှာ တဖက်က ဖုန်းဆက်သွယ်လာသူအနေနဲ့ စကားသံ ချန်ထားနိုင်တဲ့ ၀န်ဆောင်မှုမျိုး ဖြစ်ပါတယ်။
ဒီ ၀န်ဆောင်မှုကို မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း(အမ်အီးစီ)ကထုတ်တဲ့ စီဒီအမ်အေ အမျိုးအစား ၀၉၃ နဲ့ စတဲ့ ဖုန်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး လစဉ်ကြေး ၁ လ ကျပ် ၁၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။











