DVB Logo
Home
Lead Story
ကန်ပက်လက်တွင် ဟိုတယ်ဇုန် တည်ထောင်မည်
DVB
·
October 2, 2014
ကန်ပက်လက်တွင် ဟိုတယ်ဇုန် တည်ထောင်မည်
1 / 2
Donate to DVB

chin-stateဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနဟာ ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ ဟိုတယ်ဇုန် တခု တည်ထောင်ဖို့ စီစဉ်နေပြီလို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက အဖွဲ့ဝင် ဦးအေးကျော်က ဒီဗွီဘီကို အတည်ပြုပြောဆိုပါတယ်။

ချင်းပြည်နယ်ဟာ ၂၀၁၃ ခုနှစ်ရောက်မှ နိုင်ငံခြားသား ခရီးသည် ၀င်ရောက်ခွင့်ပြုပေးခဲ့တာ ဖြစ်ပေမယ့် နိုင်ငံခြားခရီးသည်တွေ စိတ်ဝင်စားမှု ရှိပြီး နောင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမယ့် အလားအလာတွေကြောင့် ခုလို ဟိုတယ်ဇုန် တည်ထောင်ဖို့ စီစဉ်တာလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား သဘာဝဥယျာဉ် ၂ ခု ရှိပြီး ၁ ခုက အင်းတော်ကြီးအိုင်မှာ တည်ရှိကာ နောက်တခုကတော့ ချင်းပြည်နယ်က နတ်မတောင် သဘာဝဥယျာဉ် ဖြစ်ပါတယ်။ လက်ရှိ ချင်းပြည်နယ် ကန်ပက်လက်မှာ ဟိုတယ် ၃ လုံးပဲ ရှိသေးကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013