DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားဘဏ်တွေဝင်ရောက်လာမှု ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေမစိုးရိမ်
DVB
·
October 2, 2014
နိုင်ငံခြားဘဏ်တွေဝင်ရောက်လာမှု ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေမစိုးရိမ်
Donate to DVB

မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေလုပ်ကိုင်ဖို့ ကနဦးအတည်ပြုချက်ကို နိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ် ၉ ဘဏ်ကို အောက်တိုဘာ ၁ ရက်နေ့က လိုင်စင်ချပေးလိုက်ပါတယ်။

နိုင်ငံခြားဘဏ်လုပ်ငန်းလိုင်စင်ကော်မတီက ဒီကနေ့ နေ့စွဲနဲ့ နိုင်ငံခြားဘဏ် ၉ခုကို ပြည်တွင်းမှာ လုပ်ကိုင်ခွင့်နဲ့စပ်လျဉ်းပြီး စိစစ်ရွေးချယ်ထားပြီးဖြစ်တဲ့အကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

To match Insight MYANMAR-BANKS/ယင်း သတင်းထုတ်ပြန်ချက်အရ အဆိုပါဘဏ် ၉ခုတို့က လာမယ့် ၁၂ လ အတွင်းမှာ ဘဏ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ပြင်ဆင်မှုတွေကို ဆောင်ရွက်ပြီးစီးတာနဲ့ ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်ကို ချပေးသွား မှာဖြစ်ပါတယ်။

ခုလို နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လာတာနဲ့ပတ်သတ်လို့ ပြည်တွင်းဘဏ်ကြီးတွေအနေနဲ့ စိုးရိမ်ပူပန်စရာမရှိပါဘူးလို့ သမ၀ါယမဘဏ်လီမိတက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ဒီဗွီဘီကို အခုလို ပြောပါတယ်။

“စိုးရိမ်ပူပန်မှု ရှိစရာမလိုပါဘူး။ သူ့အလုပ်သူ လုပ်ကြမှာပဲ။ အမှန်က စီးပွားရေးလုပ်ကွက်တွေ ကျယ်လာမှာပေါ့။ ရင်းနှီးမြှုပ်နှံတွေလာလို့ရှိရင် ကျနော်တို့ လူတွေ အလုပ်များများရနိုင်တာပေါ့။ ဒီဘက်ကလူတွေ စိတ်ပူတာက နိုင်ငံခြားဘဏ်တွေက ပြည်တွင်းမှာရှိတဲ့ ဘဏ်သေးသေးလေး တွေကို မြိုသွားမှာစိုးတယ်။ အဲဒါကတော့ ဗဟိုဘဏ်က စောင့်ကြည့်လိမ့်မယ်ထင်တယ်။”

အလားတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးရဲ့ စီးပွားရေးဆိုင်ရာအကြံပေး အရာရှိဒေါက်တာမောင်အောင်ကလည်း နိုင်ငံခြားဘဏ်တွေကို commercial banking ၀န်ဆောင်မှုမပေးဘူးဆိုရင် ပြည်တွင်းဘဏ်အသေးလေးတွေအတွက် စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

ဒါပေမယ့် ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ကတော့ ဒေသတွင်းနိုင်ငံတွေနဲ့ အတိုးနှုန်းတူတဲ့ သက်သာတဲ့ အတိုးနှုန်းတွေကို နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လုပ်ကိုင်ခွင့်ရရှိမှသာ ခံစားခွင့်ရရှိမှာဖြစ်တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှုး ဦးဝင်းကြိုင်က အခုလိုပြောပါတယ်။

“ကျနော်တို့ တကယ်အမှန်လိုလားတာက ဒေသတွင်းနိုင်ငံတွေနဲ့ အတိုးနှုန်းတူတဲ့ ချေးငွေ မျိုးပေါ့ဗျာ။ အတိုးသက်သာတဲ့ ချေးငွေ လိုချင်တယ်။ နှစ်လတ်တို့ နှစ်ရှည်တို့ ချေးခွင့်ရရင် ပိုပြီး အကျိုးကျေးဇူးရှိတယ်။ ဒီအခွင့်အရေးက အခြားနိုင်ငံတွေမှာ ရနေပါလျှက်နဲ့ ကျနော်တို့ နိုင်ငံမှာ မရဘူးပေါ့နော်။ မရတဲ့အတွက်ကြောင့် ကျနော်တို့က နိုင်ငံခြားဘဏ်တွေ လာရင် ဒီအခွင့်အရေးတွေ ပါလာမယ်လို့ ထင်တယ်။”

ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ရရှိမယ့်ဘဏ်တွေကတော့ သြစတြေးလျနဲ့နယူးဇီလန် ဘဏ်လုပ်ငန်း လီမိတက် ANZ၊ ဘန်ကောက်ဘဏ်၊ တိုကျို-မစ်ဆူဘီရှီ UFJ ဘဏ်၊ တရုတ်နိုင်ငံစက်မှုနဲ့ စီးပွားရေးဘဏ်၊ မလေးရှား မေဘဏ်၊ မီဇူဟိုဘဏ်၊ အိုစီဘီစီ ဘဏ်၊ ဆူမီတိုမို မစ်ဆူရှီ ကော်ပိုရေး ရှင်းဘဏ်နဲ့ ယူအိုဘီဘဏ်တွေပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013