DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ရေကြီးနေ
DVB
·
August 24, 2024
နေပြည်တော်တွင် ရေကြီးနေ
1 / 6
Donate to DVB

နေပြည်တော်မှာ ဩဂုတ် ၂၃ ရက်နေ့ ညနေပိုင်းကစလို့ ညလုံးပေါက် မိုးသည်းထန်ခဲ့တာကြောင့် ဒီနေ့ ဩဂုတ် ၂၄ ရက်နေ့ နေ့ခင်းပိုင်းမှာ ငလိုက်ချောင်း၊ ‌ဆင်သေချောင်းတို့ ရေပြည့်ရေလျှံဖြစ်ပြီး မြို့ထဲမှာ ရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အခုကတော့ ငလိုက်ချောင်းနဲ့ နီးတဲ့ဘက် ရေတော်တော်တက်နေတာ။ ငလိုက်ဆည် ဖောက်ချတယ်တော့ မကြားဘူး။ ဆည်မဖောက်ချလည်း ရေက တော်တော်ကြီးနေတာ။ မိုး မတရားရွာနေတာ မနေ့ညကတည်းက။ အခု ဆင်သေချောင်းလည်း တအားကြီးနေတယ်။ အခုတောင် မိုးထပ်ရွာနေပြီ။ ဒီည မိုးဆက်ရွာရင် ဆင်သေချောင်းကလည်း မလွယ်တော့ဘူး” လို့ ပြောပါတယ်။

ပျဉ်းမနားမြို့စွန်ကနေ ‌ချောင်းကဖြတ်လာ‌တာကြောင့် ချောင်းအနီးအနား နေအိမ်တွေ ရေကြီးနေပြီး ကျောက်ချက်ရွာနဲ့ ရေဆင်းရွာရပ်ကွက်ထဲတွေမှာ ရေလျှံနေတာကြောင့် တချို့က စက်နဲ့ ရေစုပ်ထုတ် နေရတယ်လို့ သူက ပြောပါတယ်။

နောက်ထပ်ဒေသခံတယောက်ကလည်း “ညက မိုးတွေတအားရွာတာ။ သပြေကုန်းဘက်မှာရယ်၊ ပျဉ်းမနားဘက်မှာရယ်။ မြောင်းတွေဘာတွေက သိပ်အဆင်မပြေဘူး။ အဲဘက်နား ရေတွေတက်‌တယ်။ မနေ့က ညနေ ၆ ခွဲ၊ ၇ နာရီလောက်ကနေ ရွာတာပဲ။ တအားရွာတယ်၊ ပြီးတော့ တညလုံးလည်း ရွာတယ်။ မိုးကတော်တော်ကြီးတယ် ညက။ ဒီနှစ် မိုးတော်တော် ရွာတယ်။ နေ့တိုင်း နီးပါးရွာတယ်။ မနှစ်ကတော့ ဒီလို ‌ရေမကြီးဘူး” လို့ ပြောပါတယ်။

အရင်နှစ်‌က အခုလို ရေကြီးတာမျိုး မရှိခဲ့ပေမယ့် ‌အရင်တုန်းက မိုးသည်းရေကြီးလို့ ရေဆင်းဆည်ကို ရေဇလုပ်ကနေ ဖောက်ချခဲ့ရတာကြောင့် ‌ရပ်ကွက်ထဲကနေအိမ်တွေ ရေကြီးရေလျှံ ဖြစ်သွားတာ ကြုံခဲ့ဖူးတယ်လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ငလိုက်ချောင်းရေကြီးနေတာကြောင့် ချောင်းဘေးတလျှောက် နေအိမ်တွေ ရေလျှံပြီး ရေဘေးဒုက္ခသည် ရာချီရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဥတ္တရသီရိမြို့နယ်မှာလည်း ရေကြီးရေလျှံဖြစ်နေတယ်လို့ သိရပြီး ကုန်တိုက်တခုထဲ ဝင်နေတဲ့ရေတွေကို စုပ်ထုတ်ပေးခဲ့သလို အိမ်တွေထဲက ရွှံ့နုန်းတွေကိုလည်း ရှင်းလင်းရေး လုပ်ပေးခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013