DVB Logo
Home
နိုင်ငံတကာ
ယူကရိန်း အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အိန္ဒိယ ထောက်ခံအားပေး 
DVB
·
August 24, 2024
ယူကရိန်း အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အိန္ဒိယ ထောက်ခံအားပေး 
Donate to DVB

ယူကရိန်းရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အိန္ဒိယက နိုင်ငံတကာဥပဒေနဲ့အညီ ထောက်ခံအားပေးနေတယ်ဆိုတာဟာ ယူကရိန်းအတွက် အရေးကြီးတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက သြဂုတ် ၂၃ ရက်မှာ သူ့ရဲ့ ရုပ်မြင်သံကြား ညနေခင်းမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။

“အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ယူကရိန်းကို ရောက်ရှိလာခဲ့တာဟာ အိန္ဒိယနဲ့ လွတ်လပ်တဲ့ ယူကရိန်းကြား ဆက်ဆံရေးသမိုင်းမှာ ပထမဆုံး ခရီးစဉ်ဖြစ်ပြီး ယူကရိန်းကို ရုရှားရဲ့ ကျူးကျော် စစ်ပွဲအကြောင်းနဲ့ တရားမျှတတဲ့ ငြိမ်းချမ်းရေးရရှိဖို့ လိုအပ်ကြောင်းတွေကို အတော်ကြာကြာ ဆွေးနွေးဖြစ်ခဲ့ပါတယ်”လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။ 

မစ္စတာ မိုဒီဟာ သူ့ရဲ့ခရီးစဉ်အစမှာ ရုရှားရဲ့ကျူးကျော်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ယူကရိန်း ကလေးငယ်တွေကို နှုတ်ဆက်ဂါရဝပြုပေးတာနဲ့ စစ်ပွဲတလျှောက် အိန္ဒိယမှ ပံ့ပိုးပေးခဲ့တဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အစီအစဉ်တွေအတွက် အထူးကျေးဇူးတင်ရှိတယ် လို့ ဆိုပါတယ်။ 

အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ ယူကရိန်းခရီးစဉ်အတွင်းမှာ သောကြာနေ့က မိုဒီဟာ ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားနဲ့ ဆွေးနွေးဖို့ကို သမ္မတ ဇလန်းစကီးကို တိုက်တွန်းခဲ့ပြီး ကိယက်ဗ်စစ်ပွဲကာလအတွင်း ခေါင်းဆောင် ၂ ဦး တွေ့ဆုံချိန်မှာ ငြိမ်းချမ်းရေးကို ဆောင်ယူလာမယ့် မိတ်ဆွေအဖြစ် ဆောင်ရွက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ 

အိန္ဒိယနဲ့ နှစ်နိုင်ငံ လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ပြီး အစိုးရတွေအကြား စာရွက်စာတမ်း ၄ ခုကို ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးခဲ့ကြောင်းနဲ့ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင်တခြားသော ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွေမှာလည်း သဘောတူညီချက်တွေ ရှိနေပါတယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။ 

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ယူကရိန်းသမ္မတတို့ တွေ့ဆုံမှုအပြီးမှာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက လက်ရှိ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှား ပဋိပက္ခရဲ့ ကမ္ဘာလုံးဆိုင်ရာ ဂယက်ရိုက်ခတ်မှုတွေကို မီးမောင်းထိုးပြခဲ့ပြီး စစ်ပွဲဆက်လက်ဖြစ်ပွားနေခြင်းကို "ကမ္ဘာကြီးအတွက် ကြောက်စရာ" လို့ ဖော်ပြခဲ့ပါတယ်။ 

ဂျိုင်ရှန်ကာဟာ အိန္ဒိယရဲ့ ငြိမ်းချမ်းရေးကို အားပေးတဲ့ ကတိကဝတ်ကို အလေးပေးပြောကြားခဲ့ပြီး အိန္ဒိယနိုင်ငံဟာ ကုလသမဂ္ဂရဲ့ ပိတ်ဆို့အရေးယူမှုတွေကိုသာ လိုက်နာကြောင်း ပြောဆိုပါတယ်။

ရုရှားဆီကနေ ရေနံဝယ်ယူမှုဟာလည်း နိုင်ငံရေး မဟုတ်ဘဲ ဈေးကွက်ဗျူဟာအရသာ ဖြစ်တယ် လို့ ပြောသွားပါတယ်။

Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013