
ကမ္ဘာ့ဒုတိယအကြီးဆုံး စိန်ကြီးကို ဘော့ဆွာနာနိုင်ငံရှိ ကိုရိုဝီမိုင်းတွင်းကနေ ကနေဒါစိန်ကုမ္ပဏီ လူကာရာဒိုင်းမွန်းက တွေ့ရှိခဲ့ပါတယ်။
ဒီစိန်တုံးကြီးဟာ ၂,၄၉၂ ကာရက်ရှိပြီး ဘော့ဆွာနာသမ္မတက ဩဂုတ် ၂၂ ရက်က ပြသခဲ့ပါတယ်။
လူကာရာကုမ္ပဏီက စိန်တုံးရဲ့ အရည်အသွေးကို ထုတ်ပြန်တာမျိုးမရှိဘဲ စိန်တုံးရဲ့ အရွယ်အစားကိုပဲ သတင်းထုတ်ပြန်ခဲ့တာပါ။
ကမ္ဘာ့အကြီးဆုံး စိန်တုံးကြီး တွေ့ရှိမှုက ၁၉၀၅ ခုနှစ်ကဖြစ်ပြီး တောင်အာဖရိကနိုင်ငံမှာ တွေ့ရှိခဲ့ကာ ၃,၁၀၆ ကာရက် ရှိပါတယ်။
အဲဒီစိန်တုံးကြီးကို အစိတ်အပိုင်း ၉ ခု ဖြတ်တောက်ခဲ့ပြီးနောက် ဗြိတိန်ဘုရင်မကြီး သရဖူရဲ့ ရတနာအဖြစ် တပ်ဆင်ခဲ့ပါတယ်။
ဗြိတိန်ဘုရင်မကြီးရဲ့ သရဖူမှာ တပ်ဆင်ထားတဲ့ ကိုဟီးနူးစိန်ကြီးဟာ သန့်စင်ပြီး စိန်တွေအနက် ကမ္ဘာ့အကြီးဆုံး စိန်ကြီးအဖြစ် ထင်ရှားပါတယ်။
ကိုရိုဝီမိုင်းတွင်းဟာ ၁,၇၅၈ ကာရက်ရှိတဲ့ စိန်ကြီးနဲ့ ၁,၁၀၉ ကာရက်ရှိတဲ့ စိန်ကြီးတွေ ထွက်ခဲ့ဖူးလို့ စိန်တုံးကြီးတွေထွက်တဲ့ မိုင်းတွင်းလို့ လူသိများပါတယ်။
ဘော့ဆွာနာဟာ ကမ္ဘာပေါ် မှာ စိန်ထွက်ရှိမှုအများဆုံး နိုင်ငံထဲက တနိုင်ငံဖြစ်ပါတယ်။
Source-Reuters










