DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မည့်အစီအစဉ် အင်ဒိုနီးရှား ရုပ်သိမ်း
DVB
·
August 23, 2024
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မည့်အစီအစဉ် အင်ဒိုနီးရှား ရုပ်သိမ်း
Donate to DVB

အင်ဒိုနီးရှားနိုင်ငံရဲ့ နုတ်ထွက်သွားတဲ့ လွှတ်တော်ဟာ ရွေးကောက်ပွဲစည်းမျဉ်းတွေကို အပြောင်းအလဲလုပ်မယ့် အစီအစဉ်တွေကို နောက်ပြန်ဆုတ်လိုက်ပြီလို့ ဒုတိယ လွှတ်တော်ဥက္ကဋ္ဌက သြဂုတ် ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲဥပဒေကို အပြောင်းအလဲလုပ်ဖို့ စီစဉ်နေတာကြောင့် နိုင်ငံတဝန်းမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေချိန်မှာပဲ ဆန္ဒပြသူတွေက လွှတ်တော်တံခါး အစိတ်အပိုင်းတွေကို ဖောက်ဖျက်ပြီး မီးတင်ရှို့တာတွေ လုပ်ဆောင်လာတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကလည်း မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ပစ်ခတ်ခဲ့တာကို ရုပ်မြင်သံကြားက ပြသခဲ့ပြီးနောက်မှာ အံ့အားသင့်ဖွယ်ရာ ပြန်လည်ရုပ်သိမ်းမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဂျကာတာ၊ မာကက်ဆာနဲ့ နိုင်ငံတဝန်းရှိ တခြားမြို့ကြီးတွေရှိ ပါလီမန်အဆောက်အဦတွေရဲ့ အပြင်ဘက်မှာ လူပေါင်း ထောင်နဲ့ချီ စုဝေးခဲ့ကြပြီး သမ္မတ ဂျိုကိုဝီကို လူမျိုးရေးခွဲခြားမှုနဲ့ ဒီမိုကရေစီကို ဖျက်ဆီးတယ်ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါတယ်။ 

“ဒါက အင်ဒိုနီးရှားမှာ ဒီမိုကရေစီ အစွန်းအထင်းတွေကို တိုက်ဖျက်တဲ့နည်းလမ်းရဲ့ အစပဲ ဖြစ်ပြီးတော့ ပြည်နယ်လွှတ်တော်က ခေါင်းဆောင်တွေကိုလည်း ပြည်သူတွေနဲ့ တွေ့ဆုံပေးပါ၊ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ဖို့ အတည်ပြုမယ့် အမျိုးသားလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ငြင်းဆိုပေးဖို့ကို ပြည်သူတွေဘက်က ထောက်ခံပေးပါ” လို့ တောင်းဆိုပါကြောင်း မာကက်ဆာ အမျိုးသားတက္ကသိုလ်အမှုဆောင် ကျောင်းသားကောင်စီ ဥက္ကဋ္ဌ ဟာဆာရူက ပြောပါတယ်။

ပါလီမန် အပြင်ဘက်မှာလည်း ဆန္ဒပြမှုတွေ ပြင်းထန်လာတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ပါတယ်။

အခုချိန်မှာ ပါလီမန်လွှတ်တော်ကို သမ္မတရာထူးက ဆင်းသွားတဲ့ ဂျိုကိုဝီနဲ့ ရွေးကောက်ခံသမ္မတ ပရာဘိုဝို ဆူဘီယန်တို တို့နဲ့ လိုက်လျောညီထွေရှိပြီး အားကောင်းလှတဲ့ မဟာမိတ်အဖွဲ့ကြီးက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။

ဂျိုကိုဝီဟာ သူ့ရဲ့ အစိုးရအာဏာကို ပိုမိုခိုင်မာအောင်နဲ့ သူ့ကိုယ်ပိုင် နိုင်ငံရေးမျိုးဆက် ထူထောင်ရေး လုပ်ဆောင်နေတဲ့ နည်းလမ်းတွေအတွက် ပြစ်တင်ဝေဖန်မှုတွေကို ဆက်တိုက်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013