DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် အသက်အန္တရာယ်ရှိသည့် မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရှိ
DVB
·
August 23, 2024
ထိုင်းတွင် အသက်အန္တရာယ်ရှိသည့် မျောက်ကျောက်ရောဂါကူးစက်မှု တွေ့ရှိ
Donate to DVB

သေစေနိုင်တဲ့အထိ ပြင်းထန်တဲ့ Mpox မျောက်ကျောက်ရောဂါ တွေ့ရှိတယ်လို့ ထိုင်းနိုင်ငံက အတည်ပြုပါတယ်။

ဒါဟာ အာဖရိကတိုက်အပြင်ဘက်မှာ ပထမဆုံးတွေ့တာဖြစ်ပြီး အာရှနိုင်ငံတွေအနက် ပထမဆုံး မျောက်ကျောက်ရောဂါ တွေ့ရှိမှု ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ၆၆ နှစ်အရွယ် ဥရောပသားတယောက် ဩဂုတ် ၁၄ ရက်က နာမည်မဖော်ပြတဲ့ အာဖရိကနိုင်ငံ တနိုင်ငံကနေ ဘန်ကောက်ကို ရောက်လာတယ်လို့ သိရပါတယ်။

အဲဒီ ဥရောပသားဟာ နောက်နေ့မှာပဲ ရောဂါလက္ခဏာပြခဲ့ပြီး ဆေးရုံကို ချက်ချင်းသွားရောက်ခဲ့ကာ ဆေးရုံက မျောက်ကျောက်ရောဂါလို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

သူကူးစက်ခံရတဲ့ မျောက်ကျောက်ရောဂါဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ Clade 1b ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။

မျောက်ကျောက်ရောဂါ ကူးစက်ခံရသူနဲ့ ခရီးအတူသွားခဲ့တဲ့ ခရီးသည်တွေနဲ့ သူနဲ့တွေ့ဆုံခဲ့တဲ့ ၄၃ ယောက်ကိုလည်း ထိုင်းကျန်းမာရေးဌာနက ၂၁ ကြာ စောင့်ကြည့်မှုတွေ ပြလုပ်နေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ ရောဂါဖြစ်ပွားနေတဲ့ ၄၂ နိုင်ငံက ခရီးသွားတွေကိုလည်း ပြည်ဝင်ခွင့်ပြုတဲ့အချိန် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်နေပါတယ်။

မျောက်ကျောက်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်က ကွန်ဂိုနိုင်ငံမှာ အနည်းဆုံး လူ ၄၅၀ သေဆုံးခဲ့ပါတယ်။

ဒီရောဂါဟာ ကွန်ဂိုကနေ ကင်ညာ၊ ရဝမ်ဒါ၊ ယူဂန်ဒါ၊ ဘူရွန်ဒီ စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကွန်ဂိုအရှေ့ပိုင်းမှာ Clade 1b  ရောဂါပိုး ပျံ့နှံမှုကို စိုးရိမ်နေကြပါတယ်။

ပြီးခဲ့တဲ့တပတ်က ဆွီဒင်နိုင်ငံမှာ Clade 1b တွေ့ရှိခဲ့ပြီး အာဖရိကတိုက် ပြင်ပမှာ ပထမဆုံး မျောက်ကျောက်ရောဂါတွေ့ရှိမှု ဖြစ်ခဲ့ပါတယ်။

အဲဒီတွေ့ရှိမှုမှာလည်း နာမည်ဖော်ပြခြင်းမရှိတဲ့ အာဖရိကနိုင်ငံ တနိုင်ငံကနေ ပြန်လာသူမှာ တွေ့ရှိတာဖြစ်တယ်လို့ ဆွီဒင်ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။

မျောက်ကျောက်ရောဂါဟာ လိင်မှတဆင့် ကူးစက်နိုင်သလို နေ့စဉ်ပြောဆို ဆက်ဆံမှုကနေလည်း ကူးစက်နိုင်ကြောင်း ဖော်ပြထားပေမဲ့ ကိုဗစ်နဲ့ ဝက်သက်ရောဂါလိုမျိုး ကူးစက်မှုနှုန်း မမြန်ဆန်ဘူးလို့ ဆိုပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013