DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် စာသင်ကျောင်းနှင့် ဘုရားတောင်ပေါ်ကို စစ်တပ် ဗုံးကြဲ
DVB
·
August 23, 2024
တနင်္သာရီတွင် စာသင်ကျောင်းနှင့် ဘုရားတောင်ပေါ်ကို စစ်တပ် ဗုံးကြဲ
Donate to DVB

လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာတဲ့ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ တရက်တည်း ကျေးရွာ ၂ ရွာက စာသင်ကျောင်းနဲ့ ဘုရားတောင်ပေါ်ကို စစ်တပ်က ဂျက်တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်သွားတယ်လို့ မြိတ်ခရိုင်စစ်ကြောင်း ၁ တာဝန်ရှိသူတွေထံက သိရပါတယ်။

သြဂုတ် ၂၂ ရက် နေ့လယ် ၁၂ နာရီခွဲလောက်မှာ ဆင်ခေါင်းကျေးရွာက ဘုရားစေတီတောင်ပေါ်ကို စစ်တပ်က တိုက်ပွဲမရှိဘဲ ဂျက်ဖိုက်တာလေယာဥ်တစီးနဲ့ ဗုံးသီး ၂ လုံး လာကြဲသွားတယ်လို့ မြိတ်ခရိုင်စစ်ကြောင်း ၁ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဆိုပါနေ့ ညနေ ၃ နာရီခွဲလောက်မှာလည်း ဘန်လောကျေးရွာရှိ စာသင်ကျောင်းအနီးနားကို ဂျက်ဖိုက်တာနဲ့ပဲ ဗုံးသီး ၃ လုံး ထပ်မံလာကြဲသွားတယ်လို့ ပြောပါတယ်။

မြိတ်ခရိုင်စစ်ကြောင်း ၁ ပြန်ကြားရေးတာဝန်ခံက “မီးလောင်ဗုံးတွေပါတယ်။ ရွာသားတွေက အကာအကွယ်ရှိတဲ့ နေရာတွေမှာ အဆင်ပြေသလို ပုန်းရှောင်ကြတာပါ။ စာသင်ကျောင်းအနားက အိမ်တွေ ထိတာပါ။ စာသင်ကျောင်းက ပိတ်ထားတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှု ၂ ကြိမ်အတွင်းမှာ အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပေမဲ့ ဘန်လောရွာက စာသင်ကျောင်းအနီးတဝိုက်ရှိ နေအိမ်တွေမှာတော့ ဗုံးသီးထိမှန်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှု ၂ ကြိမ်စလုံးမှာ စစ်ကောင်စီက စာသင်ကျောင်းတွေနဲ့ ဘုရားတောင်ပေါ်တွေကို ဦးတည်ပြီး တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း မြိတ်ခရိုင်စစ်ကြောင်း ၁ ပြန်ကြားရေးတာဝန်ခံ တယောက်က ပြောပါတယ်။

ဒီမတိုင်ခင် သြဂုတ် ၂၀ ရက်ကလည်း ထုံမခါကျေးရွာက ဘုရားတောင်ပေါ်နဲ့ ပေ ၁၀၀ ဝန်းကျင်ကြားရှိ ဆီအုန်းတောထဲကို ဂျက်ဖိုက်တာလေယာဥ်နဲ့ ဗုံးသီး ၇ လုံး လာကြဲ တိုက်ခိုက်သလို တဆက်တည်းမှာပဲ ဘုန်းကြီးကျောင်းကို ပွိုင့်ဖိုက်စက်သေနတ်နဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲဒီနေ့က တိုက်ခိုက်မှုမှာ ဘုန်းကြီးကျောင်းထဲက ပစ္စည်းတချို့ ထိခိုက်ပျက်စီးသွားပြီး သံဃာတော်တွေ ကျောင်းထဲမှာ ရှိမနေတာကြောင့် ထိခိုက်ဒဏ်ရာမရခဲ့တာလို့ သိရပါတယ်။

အခုရက်ပိုင်းတွေမှာ စစ်ကောင်စီက စာသင်ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ဆက်တိုက်ရှိလာတဲ့အတွက် ပြည်သူတွေ အနေနဲ့လည်း သတိထားပြီး နေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဘက်က အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013