DVB Logo
Home
အားကစား
အက်သလက်တီကို တိုက်စစ်မှူး ဖိလစ်ကို ချဲလ်ဆီး ခေါ်ယူ
DVB
·
August 23, 2024
အက်သလက်တီကို တိုက်စစ်မှူး ဖိလစ်ကို ချဲလ်ဆီး ခေါ်ယူ
Donate to DVB

ချဲလ်ဆီးအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး ဖိလစ်ကို ၇ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဖိလစ်ရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ဖော်ကြေညာတာမျိုး မရှိပေမဲ့ အင်္ဂလန်မီဒီယာတွေက ဒေါ်လာ ၅၉ သန်းဝန်းကျင် ရှိမယ်လို့ ဖော်ပြပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဖိလစ်ဟာ ၂၀၂၂-၂၃ ရာသီက ချဲလ်ဆီးမှာ ၆ လ အငှားစာချုပ်နဲ့ ကစားခဲ့သူဖြစ်ပြီး ပွဲ ၂၀ မှာ ၄ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဖိလစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအသင်းမှာ အငှားစာချုပ်နဲ့ ကစားခဲ့သူဖြစ်ပြီး ၄၄ ပွဲမှာ ၁၀ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်းဟာ ဖိလစ်ကို ဘင်ဖီကာအသင်းကနေ ၂၀၁၉ ခုနှစ်မှာ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ဒေါ်လာ သန်း ၁၄၀ နဲ့ ခေါ်ယူခဲ့တာပါ။

ဖိလစ်ဟာ အက်သလက်တီကိုအသင်းအတွက် ပွဲပေါင်း ၁၃၁ ပွဲ ကစားခဲ့ပြီး ၃၄ ဂိုး သွင်းယူနိုင်ခဲ့ကာ ၂၀၂၁ ခုနှစ်မှာ လာလီဂါဖလားရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013