DVB Logo
Home
နိုင်ငံတကာ
ဂျနီဖာလိုပက်ဇ်က ခင်ပွန်း ဘန်အက်ဖလက်ကို ကွာရှင်းခွင့်တောင်း
DVB
·
August 22, 2024
ဂျနီဖာလိုပက်ဇ်က ခင်ပွန်း ဘန်အက်ဖလက်ကို ကွာရှင်းခွင့်တောင်း
Donate to DVB

‌ဟောလိဝုဒ်စတား ဂျနီဖာလိုပက်ဇ် (ဂျေလို) ဟာ ခင်ပွန်းဖြစ်သူ ဘန်အက်ဖလက်ကို ကွာရှင်းဖို့ တရားရုံးကို ဖိုင်ပို့ခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

လိုပက်ဇ်ဟာ ၂၀၂၁ ခုနှစ်က ဘန်အက်ဖလက်နဲ့ တွဲခဲ့သူဖြစ်ပြီး လက်စ်ဗီးဂတ်စ်မှာ ၂၀၂၂ ခုနှစ်က မင်္ဂလာဆောင်ခဲ့ကာ ဂျော်ဂျီယာမှာ ဧည့်ခံပွဲကြီး ပြုလုပ်ခဲ့တာပါ။

လိုပက်ဇ်နဲ့ ဘန်အက်ဖလက်တို့ဟာ ၂၀၀၃ ခုနှစ်ကတည်းက တွေ့ဆုံခဲ့တာဖြစ်ပြီး လက်ထပ်ဖို့အထိ စီစဉ်ခဲ့ပေမဲ့ ၂၀၀၄ ခုနှစ်မှာ သူတို့ ၂ ယောက် လမ်းခွဲခဲ့ဖူးပါတယ်။

သူတို့ ၂ ယောက်ဟာ နှစ်ပေါင်း ၂၀ ကြာပြီးနောက် ချစ်သူတွေပြန်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၅၅ နှစ်အရွယ်ရှိ လိုပက်ဇ်နဲ့ အသက် ၅၂ နှစ်အရွယ်ရှိ ဘန်အက်ဖလက်တို့ဟာ လော့အိန်ဂျယ်လိစ်မှာရှိတဲ့ တရားရုံးမှာ ကွာရှင်းရမှာဖြစ်ပြီး သူတို့ ၂ ယောက်ရဲ့ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ အကြွေးစာရင်း စတာတွေ တင်ပြပြီး ခွဲယူရမှာဖြစ်ပါတယ်။

သူတို့ ၂ ယောက်ပိုင်ဆိုင်တဲ့ ဘီဗာလီဟေးလ်က ဒေါ်လာ ၆၅ သန်းတန် အိမ်ကိုလည်း ရောင်းချရမှာ ဖြစ်ပါတယ်။

တရားရုံးက လိုပက်ဇ်ကို ဘဏ္ဍာရေးဆိုင်ရာ စာရင်းဖွင့်လှစ်ဖို့ ရက်ပေါင်း ၆၀ ပေးထားပြီး ဘန်အက်ဖလက်ကိုလည်း ရက်ပေါင်း ၆၀ ပေးထားပါတယ်။

အော်စကာဆု ၂ ကြိမ်ရထားတဲ့ ဘန်အက်ဖလက်ဟာ ဂျနီဖာဂါနာနဲ့ ၂၀၁၅ ခုနှစ်က အိမ်ထောင်ကျဖူးပြီး ကလေး ၃ ယောက်ရှိကာ ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။

ဘန်အက်ဖလက်နဲ့ မတိုင်ခင်က အိမ်ထောင် ၃ ဆက် ကျခဲ့ဖူးတဲ့ လိုပက်ဇ်ဟာ အဆိုတော် မက်အန်တိုနီနဲ့ ကလေး ၂ ယောက် ရရှိခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013