DVB Logo
Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ် ပထမဆုံးအကြိမ် ကျည်ကာမှန်ပုံးအကာအကွယ်ဖြင့် မိန့်ခွန်းပြော
DVB
·
August 22, 2024
ဒေါ်နယ်ထရမ့်ပ် ပထမဆုံးအကြိမ် ကျည်ကာမှန်ပုံးအကာအကွယ်ဖြင့် မိန့်ခွန်းပြော
Donate to DVB

ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က လုပ်ကြံမှုက လွတ်မြောက်ခဲ့ပြီးနောက်ပိုင်း ဩဂုတ် ၂၁ ရက်မှာ ပထမဆုံးအကြိမ် အမိုးအကာမရှိတဲ့ လဟာပြင်မှာ ကျည်ကာမှန်ပုံးအကာအကွယ်နဲ့ မိန့်ခွန်းပြောခဲ့ပါတယ်။ 

မြောက်ကာရိုလိုင်းနားပြည်နယ်၊ အက်ရှ်ဘိုရိုမှာ ကျင်းပတဲ့ မဲဆွယ်ပွဲမှာ အနီးအနား ခေါင်းမိုးတွေပေါ်မှာလည်း စနိုက်ပါ လက်ဖြောင့်သေနတ်သမား အများအပြား ချထားခဲ့တာ တွေ့ရပါတယ်။ 

ဇူလိုင် ၁၃ ရက်နေ့က မဲဆွယ်ပွဲမှာ ပစ်ခတ် လုပ်ကြံခံခဲ့ရပြီး အသက်မသေဘဲ လွတ်မြောက်ခဲ့ပေမဲ့ လုံခြုံရေးအားနည်းမှုက ဝေဖန်စရာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအတွက် အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေး အကြီးအကဲပါ နုတ်ထွက်ပေးခဲ့ရပါတယ်။ 

ထရမ့်ပ်ဟာ ဒုသမ္မတလောင်း ဂျေဒီဗန့်စ်နဲ့အတူ မဲဆွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရက်တွေဟာ စီးပွားရေးတို့၊ နယ်စပ်လုံခြုံရေးတို့ဆိုတဲ့ စကားလုံးတွေထက် ထရမ့်ပ် ဆိုတဲ့ စကားလုံးကို အကြိမ် ၂၀၀ ကျော်သုံးပြီး တိုက်ခိုက်နေကြကြောင်း၊ သူ့နာမည်ဟာ အကြောင်းအရာ ခေါင်းစဉ်တစ်ခုပါ ဖြစ်လာကြောင်း သူ့ထုံးစံအတိုင်း ထရမ့်ပ်က ထေ့ငေါ့ ဝေဖန်သွားခဲ့ပါတယ်။

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013