DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီးနောက် လူမှုကရုဏာလုပ်သားများ အကြမ်းဖက်ခံရမှု  ၁၅၀  ရှိ
DVB
·
August 21, 2024
စစ်တပ်အာဏာသိမ်းပြီးနောက် လူမှုကရုဏာလုပ်သားများ အကြမ်းဖက်ခံရမှု  ၁၅၀  ရှိ
Donate to DVB

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခု ဇွန် ၂၂ ရက်အထိ မြန်မာနိုင်ငံမှာ လူမှုကရုဏာလုပ်သားတွေ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်စုစုပေါင်း ၁၅၀ ခု ရှိကြောင်း Insecurity Insight အဖွဲ့အစည်းက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကရုဏာလုပ်သားတွေ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိလာပြီး ဖြစ်စဉ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျူးလွန်ခဲ့ကာ အရေအတွက် ၁၂၀ ခုအထိ ရှိပါတယ်။

ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့အစည်းတွေ အများဆုံးရှိရာ ဒေသတွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ အဓိကဖြစ်ပွားတာကိုတွေ့ရပြီး ရန်ကုန်နဲ့ စစ်ကိုင်းက လူမှုကရုဏာလုပ်သားတွေ အကြမ်းဖက်ခံရတဲ့ ဖြစ်စဉ်တွေက အများဆုံးဖြစ်ပါတယ်။

Insecurity Insight ရဲ့ အချက်အလက်တွေအရ အဆိုပါကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့ လူမှုကရုဏာလုပ်သားဦးရေဟာ ၂၃၆ ဦး၊ ပြန်ပေးဆွဲခံရတဲ့ လုပ်သားဦးရေ ၁၆ ဦး၊ ထိခိုက်ဒဏ်ရာရတဲ့ လုပ်သားဦးရေ ၃၅ ဦးနဲ့ သေဆုံးသူဦးရေ ၄၀ ဦး ရှိတယ်လို့ သိရပါတယ်။ သေဆုံးတဲ့ လုပ်သားဦးရေထဲမှာ ပြန်ပေးဆွဲခံရတာနဲ့ ဖမ်းဆီးခံရပြီးနောက်ပိုင်း သေဆုံးတဲ့ဦးရေက ၈ ဦး ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၃ နိုင်ငံက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဝန်ထမ်းဦးရေ ၂၈၀ ဦး ထိ စံချိန်တင် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ထားပါတယ်။

ဩဂုတ် ၁၉ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုနေ့မှာ ခုလို ထုတ်ပြန်လိုက်တာဖြစ်ပြီး  ၂၀၂၃ ခုနှစ်ဟာ ကမ္ဘာ့ လူသားချင်းစာနာမှုအသိုက်အဝန်းအတွက် အသေအပျောက်အများဆုံးနှစ်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013