DVB Logo
Home
မြန်မာသတင်း
သြဂုတ်လကုန်အထိ နိုင်ငံခြားခရီးသွား ၂ သန်းခန့် ၀င်ရောက်
DVB
·
October 1, 2014
သြဂုတ်လကုန်အထိ နိုင်ငံခြားခရီးသွား ၂ သန်းခန့် ၀င်ရောက်
Donate to DVB

သြဂုတ်လကုန်အထိ နိုင်ငံခြား ခရီးသွား ၁.၈ သန်း ၀င်ရောက်ခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ တင်ရွှေက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြန်မာ့ခရီးသွားနှစ် အကောင်ဖော်ဖို့ရှိ၊ မရှိ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်းရဲ့ မေးခွန်းကို ဖြေဆိုရာမှာ ပြောကြား လိုက်တာပါ။

bagan၂၀၁၁ ခုနှစ်မှာ ၀.၈ သန်း၊ ၂၀၁၂ ခုနှစ်မှာ ၁.၀၆ သန်းနဲ့ ၂၀၁၃ ခုနှစ်မှာ ၂.၀၄၄ သန်း ၀င်ရောက်ခဲ့ပြီး ဒီနှစ်မှာတော့ ခရီးသွား ၃ သန်းဝင်ရောက်မယ် လို့ မျှော်မှန်းထားတာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် မြန်မာနိုင်ငံမှာ နိုင်ငံ ၅၀ လောက်ပါဝင်မယ့် အာဆီယံ ခရီးသွား ဖိုရမ် ကျင်းပဖို့ရှိနေပါတယ်။ ၂၀၁၆ နောက်ပိုင်းမှာတော့ မြန်မာ့ ခရီးသွားနှစ်ကို တကျော့ပြန်လုပ်လာနိုင်ဖို့ မျှော်လင့်တယ်လို့လည်း ဒု ၀န်ကြီးက ပြောပါတယ်။

တပ်မတော်သားကိုယ်စားလှယ်တွေအနေနဲ့ အရင် အစည်းအဝေးတွေမှာ မေးခွန်း အဆို မေးမြန်းတင်သွင်းတာ မရှိသလောက်ဖြစ်ခဲ့ပေမယ့် အခု အစည်းအဝေးမှာတော့ ဆက်တိုက်ဆိုသလို မေးခွန်းတွေ မေးမြန်းလာတာဖြစ်ပါတယ်။

“အရင်တုန်းက မမေးဘူးဆိုတာကလည်း ကျနော်တို့အနေနဲ့တော့ မေးချင်ပါတယ်။ အခုလည်း မေးတာပါပဲ။ သို့သော် အတိုင်းအတာလေး တစ်ခုတော့ ရှိပါတယ်” လို့ ဗိုလ်မှူး အောင်ကျော်နှင်းက ပြောပါတယ်။

စစ်အစိုးရလက်ထက်က ၁၉၉၆ ခုနှစ် ကို မြန်မာ့ ခရီးသွားနှစ်အဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013