DVB Logo
Home
နိုင်ငံတကာ
ချားလ်စ်ဘုရင်ပုံတူ ရိုက်နှိပ်ထားသည့် ၁ ပေါင်တန် ဒင်္ဂါးများ ဖြန့်မည်
DVB
·
August 21, 2024
ချားလ်စ်ဘုရင်ပုံတူ ရိုက်နှိပ်ထားသည့် ၁ ပေါင်တန် ဒင်္ဂါးများ ဖြန့်မည်
Donate to DVB

တတိယမြောက် ချားလ်စ်ဘုရင်ရဲ့ ပုံတူရိုက်နှိပ်ထားတဲ့ ပထမဆုံး ၁ ပေါင်တန် ဒင်္ဂါးပြားတွေဟာ အခုသီတင်းပတ်အတွင်းမှာပဲ ယူကေနိုင်ငံတခွင် စဖြန့်တော့မှာ ဖြစ်ကြောင်း ဗြိတိန်ဒင်္ဂါးပြားတွေကို တရားဝင်ရိုက်နှိပ်ခွင့်ရစက်ရုံ The Royal Mint က သြဂုတ် ၂၀ ရက်မှာ ပြောပါတယ်။

The Royal Mint ဒင်္ဂါးစက်ရုံဟာ ချားလ်စ်ဘုရင်ရဲ့ ပုံတူဖြစ်တဲ့ ၁ ပေါင်တန် ဒင်္ဂါးအသစ်တွေ ထုတ်လုပ်နေတဲ့ ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါတယ်။

အခုသီတင်းပတ်အတွင်း အကြွေစေ့ ၃ သန်းနီးပါးဟာ ယူကေတဝန်းရှိ စာတိုက်တွေနဲ့ ဘဏ်တွေကနေ လည်ပတ်မှာဖြစ်ပါတယ်။

ဘုရင်ကြီးရဲ့ သဘာဝကို ချစ်မြတ်နိုးပြီး သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးကို ကိုယ်စားပြုတဲ့အနေနဲ့ ဒင်္ဂါးမှာ ဗြိတိန်ပျားစုံတွဲကိုလည်း ထည့်သွင်းရိုက်နှိပ်ထားပါတယ်။

ဒါဟာ ဗြိတိန်ဒင်္ဂါးပြားတွေအတွက် ဒီဇိုင်းအသစ် ၈ မျိုးထဲက တခုဖြစ်ပြီး ဒီဇိုင်းတမျိုးစီမှာ တက်ကြွတဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ်ထဲက မျိုးစိတ်တခုစီကို ပြသထားပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013