DVB Logo
Home
မြန်မာသတင်း
ပလမြို့ရဲစခန်းက ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ကလေးငယ် ၁ ဦး သေဆုံး
DVB
·
August 20, 2024
ပလမြို့ရဲစခန်းက ပစ်ခတ်သည့် လက်နက်ကြီးထိမှန်ပြီး ကလေးငယ် ၁ ဦး သေဆုံး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တယောက် ဒဏ်ရာအပြင်းအထန်ရကာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၁၈ ရက် ည ၇ နာရီခွဲလောက်က ပလမြို့ရဲစခန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတလုံး တန်းရှင်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ ‌ပထမတန်းကျောင်းသား မောင်ရဲရင့်ထိုက် ကျည်အစစင်ကာ သေဆုံးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတဦးက “ကလေးက အိမ်မှာရှိနေတုန်း ထိတာပါ။ လက်နက်ကြီးက သူ့အိမ်‌ဘေး သစ်ပင်မှာထိပြီးမှ သူ့မှာ ကျည်အစလာစင်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတပ်ဆင်ထားတဲ့ ပလမြို့ရဲစခန်းဟာ တိုက်ပွဲမဖြစ်လည်း မကြာခဏ ကျေးရွာတွေနဲ့ ပလမြို့ထဲတွေကို အကြောင်းမဲ့ ပစ်ခတ်လေ့ရှိပြီး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားပြည်သူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုနှစ် ဇွန် ၂၈ ရက်ကလည်း ပလမြို့ရဲစခန်းကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ပစ်ခတ်တာကြောင့် အမှတ် ၃ ရပ်ကွက် လမ်းဆုံနား ကျရောက်ပေါက်ကွဲကာ အသက် ၄၀ အရွယ် မစန်းယု သေဆုံးခဲ့သလို ပြည်သူ ၂ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သြဂုတ် ၈ ရက်ကလည်း ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာမှာ တိုက်ပွဲဖြစ်ပွားနေစဥ် စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၀ အရွယ် မီးလောင်ချောင်းရွာခံ အဘွားအိုတဦး သေဆုံးခဲ့ပြီးတော့ လင်မယား ၂ ဦးလည်း ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လက်နက်ကြီးထိပြီး အူတွေထွက်သွားတယ် ကြားတယ်။ လင်မယား ၂ ယောက်တော့ မြိတ်ဆေးရုံ ပို့လိုက်တယ်တဲ့။ ကျနော်တို့ ပြန်ဆုတ်ချိန် စစ်ကောင်စီက တပ်ပြန်စွဲတော့ နောက်ဆက်တွဲ အတည်မပြုနိုင်တော့တာပါ။” 

သြဂုတ် ၁၇ ရက်က ပုလောမြို့နယ်၊ ဆင်ထိုးကြီးရွာမှာရှိတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအိမ်၊ ပြည်သူ့စစ်အိမ်တွေနဲ့ သတင်းပေးအိမ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသတွင်းသတင်းဌာနတချို့မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013