DVB Logo
Home
မြန်မာသတင်း
ပျူစောထီးခေါင်းဆောင်က မိတ္တူကူးထားသည့် ပိုက်ဆံကို အသုံးပြုခိုင်း
DVB
·
August 20, 2024
ပျူစောထီးခေါင်းဆောင်က မိတ္တူကူးထားသည့် ပိုက်ဆံကို အသုံးပြုခိုင်း
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူရွာက ပျူ​စောထီးခေါင်းဆောင်က ငွေစက္ကူကို မိတ္တူကူးပြီး ရွာတွင်းကပြည်သူတွေကို သုံးစွဲခိုင်းနေတယ်လို့ ပျူရွာအတွင်းက ထွက်ပြေး လွတ်မြောက်လာသူတွေက ပြောပါတယ်။

မြိုင်မြို့နဲ့ ၆ မိုင်လောက်ဝေးတဲ့ ကန်နီကျေးရွာဟာ အာဏာသိမ်းစကာလကတည်းက ကြံ့ခိုင်ရေး ပါတီဝင် ကျော်ဆန်းဝင်းက ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး ပျူစောထီးကျေးရွာ ဖြစ်လာခဲ့တာပါ။

ကန်နီရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ပြီး ရိက္ခာဖြတ်တောက်ထားတဲ့အတွက် ပြင်ပငွေကြေးစီးဆင်းမှု မရှိတော့တာလို့ ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင်ဟာ မြန်မာငွေ ကျပ် ၁,၀၀၀ တန်၊ ၅,၀၀၀ တန်နဲ့ ၁၀,၀၀၀ တန်ကို မိတ္တူရိုက်ထုတ်ကာ တံဆိပ်တုံးထုပြီး ကျေးရွာအတွင်း လည်ပတ်တဲ့ငွေကြေးအဖြစ် ဩဂုတ် ၅ ရက်က စတင်အသုံးပြုခဲ့တာလို့ သိရပါတယ်။

မြိုင်မြို့နယ် ပကဖ တာဝန်ရှိသူတဦးက “ကန်နီကတော့ မြိုင်နယ်မှာ နာမည်ကြီးပဲ၊ ဒီနားပတ်လည်ရွာတွေကို ဒုက္ခပေးနေတာ၊ ရွာကလူတွေက တော်လှန်ရေးအဖွဲ့တွေနဲ့ချိတ်ပြီး အပြင်ထွက်ကြတော့ မှတ်ပုံတင်တို့၊ အိမ်ထောင်စုဇယားတို့ကို သိမ်းထားတာ၊ တခြားမြို့မှာ အလုပ်သွားလုပ်တဲ့သူတွေက ပိုက်ဆံလွှဲရင် သူကတဆင့် သူ့သားဆီကို လွှဲရတယ်၊ သူက ငွေထုတ်မပေးဘဲ ၁,၀၀၀ တန်၊ ၅,၀၀၀ တန်၊ ၁၀,၀၀၀ တန်ကို မိတ္တူကူးပြီးပေးတာ။ သူ့အမိန့်နဲ့ဆိုတော့ ရွာကစျေးသည်တွေက မရောင်းချင်ဘဲ ရောင်းရတာ” လို့ ပြောပါတယ်။

ကန်နီရွာဟာ အိမ်ထောင်စု ၅၀၀ ကျော် ပြည်သူ ၂,၀၀၀ နီးပါး နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး အပြင်ကို ထွက်ပြေးလွတ်မြောက်လာသူ ၁,၂၀၀ ကျော်ရှိပြီလို့ သိရပါတယ်။

ရွာအတွင်းကျန်ရှိနေတဲ့ ပြည်သူတွေဟာ စားဝတ်နေရေး ခက်ခဲနေပြီး အလုပ်အကိုင်တွေ မရှိကြလို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အပြင်ထွက်ဖို့ စီစဉ်နေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013