DVB Logo
Home
သတင်းဓာတ်ပုံ
ဧရာဝတီတိုင်း ငရုပ်ကောင်းမြို့တွင် ကျောက်မီးသွေးစက်ရုံတည်ရန် လေ့လာ (ဓာတ်ပုံ)
DVB
·
October 1, 2014
ဧရာဝတီတိုင်း ငရုပ်ကောင်းမြို့တွင် ကျောက်မီးသွေးစက်ရုံတည်ရန် လေ့လာ (ဓာတ်ပုံ)
1 / 4
Donate to DVB

ဧရာဝတီတိုင်း ငရုပ်ကောင်းမြို့မှာ ကျောက်မီးသွေးစက်ရုံတည်ဆောက်မယ့် နေရာတွေ ဖြစ်တဲ့ နံသာပု၊ ဂေါ်ရန်ဂျီအပါအ၀င် နေရာ ၄ နေရာကို  A1 Energy ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့အတူ ဂျပန်နိုင်ငံသား ၅ ယောက် ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။

ငရုပ်ကောင်းကမ်းခြေဒေသအနားမှာ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့် အစီအစဉ်ကို ဒေသခံ ၃၀၀၀ ကျော်က ကန့်ကွက်ထားပါတယ်။

ကန့်ကွက်စာကို A1 Energy ကုမ္ပဏီနဲ့ တိုင်းဒေသကြီးစက်မှုဝန်ကြီးတို့ တွေ့ဆုံပွဲ ပြုလုပ်တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ တင်ထားကြတာပါ။

ဒေသခံတွေ ကန်ကွက်ထားတဲ့အပေါ် ဘာတုံ့ပြန်မှုမှ မရရှိတဲ့အပြင် ကျောက်မီးသွေးစက်ရုံ တည်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်တဲ့ အကျိုး အပြစ်တွေကိုလည်း ဒေသခံတွေကို  ပွင့်လင်းမြင်သာစွာ ရှင်းပြတာတွေ မရှိတဲ့အတွက်   ငရုပ်ကောင်းကျေးရွာ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

[gallery ids="66531,66532,66533,66534"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013