DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်စီးခမြင့်တက်
DVB
·
August 18, 2024
ရန်ကုန်-မော်လမြိုင် ခရီးသည်တင်ယာဉ်လိုင်းများ ယာဉ်စီးခမြင့်တက်
Donate to DVB

စက်သုံးဆီအခက်အခဲကြောင့် ရန်ကုန်-မော်လမြိုင်ကိုပြေးဆွဲနေတဲ့ အဝေးပြေး ခရီးသည်တင်ယာဥ်လိုင်းတချို့  ယာဥ်စီးခစျေးနှုန်းတွေ မြင့်တက်လာကြောင်း အဝေးပြေးယာဥ်လိုင်းဂိတ်တွေထံက သိရပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်အပါအဝင် နိုင်ငံတဝန်း စက်သုံးဆီအခက်အခဲတွေရှိနေပြီး အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းတွေအနေနဲ့ စက်သုံးဆီကို အကန့်အသတ်နဲ့သာ ရရှိတာတွေကြောင့် ယာဥ်စီးခစျေးနှုန်း အနည်းငယ်ပြောင်းလဲထားတယ်လို့ အောင်မင်္ဂလာအဝေးပြေးယာဥ်ရပ်နားစခန်း လက်မှတ်အရောင်းဌာနတခုက ပြောပါတယ်။

“အဓိကကတော့ ဆီအခက်အခဲကြောင့်ပါ။ မနေ့က သြဂုတ် ၁၆ ရက်စပြီး ရန်ကုန်-မော်လမြိုင် ယာဥ်စီးခနှုန်းထား ကျပ် ၄၀၀၀ မြင့်သွားတာပါ။ ဆီက အရင်အတိုင်းပြန်ဖြစ်ရင်တော့ ယာဥ်စီးခ ပြန်လျော့လာမှာပါ။”

ရန်ကုန်မှ မော်လမြိုင်ကို အဝေးပြေးမှန်လုံယာဥ်စီးခနှုန်းထားမှာ သြဂုတ် ၁၅ ရက်အထိ VIP ယာဥ်တွေက ကျပ်  ၂၄,၀၀၀ မှ  ၂၈,၀၀၀ အထိပြောင်းလဲထားကြောင်းနဲ့ ရိုးရိုးယာဥ်တွေမှာ ကျပ် ၁၈,၀၀၀ မှ ၂၁,၀၀၀  အထိပြောင်းလဲထားကြောင်း သိရပါတယ်။

သြဂုတ် ဒုတိယအပတ်ကစတင်ကာ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအနှံ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီ ပြတ်လပ်ပြီး အကန့်အသတ်နဲ့သာ ရောင်းချနေရတဲ့အပြင် စက်သုံးဆီဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်နေတာပါ။

စစ်ကောင်စီလက်ထက်မှာ စက်သုံးဆီဈေးနှုန်းအပါအဝင် အခြေခံကုန်စျေးနှုန်းတွေ အဆမတန်ကြီးမြင့်နေပြီး ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်နေတဲ့အပြင် ပြည်သူတွေဟာ  ဘက်စုံ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013