DVB Logo
Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြောင့် တကောင်းမြို့က ရှေးဟောင်း လေးမျက်နှာစေတီ ပျက်စီး
DVB
·
August 18, 2024
လေကြောင်းတိုက်ခိုက်မှုကြောင့် တကောင်းမြို့က ရှေးဟောင်း လေးမျက်နှာစေတီ ပျက်စီး
1 / 3
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့်  တကောင်းမြို့က ရှေးဟောင်းအမွေအနှစ်တခုဖြစ်တဲ့ လေးမျက်နှာစေတီ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဘုရားဂေါပကအဖွဲ့ဆီကနေ သိရပါတယ်။ 

လေးမျက်နှာစေတီဂေါပကအဖွဲ့ဝင်တဦးက “PDF အဖွဲ့တွေက မြို့သိမ်းဖို့တိုက်ကြတော့ စစ်လေယာဉ်တွေက ကောင်းကင်ပေါ်ကနေ လှမ်းပစ်တာလေ။ သူတို့ကျည်ဆန်တွေက ဘုရားကြီးရဲ့ ဘေးပတ်လည်နံရံတွေကိုမှန်ပြီး တော်တော်လေးပျက်စီးကုန်တယ်။ ရှေးဟောင်းပြတိုက်တော့ မထိလို့ တော်သေးတယ်” လို့ DVB ကို ပြောပါတယ်။

လေးမျက်နှာစေတီတော်ဟာ အနော်ရထာမင်းလက်ထက်ကတည်းက တည်ထားခဲ့တဲ့ စေတီတော်ကို ခေတ်အဆက်ဆက် ပြန်လည်ပြုပြင်ခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် စေတီတဆူ ဖြစ်ပါတယ်။

ဒေသခံတဦးက“စစ်သားတွေက ဘုရားဝန်းထဲမှာ အခိုင်အမာတပ်စွဲနေခဲ့တယ်။ PDF တွေလည်း ဝင်လာရော သူတိုက အဲဒီထဲကနေ ခံပစ်ပြီး ထွက်ပြေးသွားကြတယ်။ ရဟတ်ယာဉ်ရောက်လာပြီး တရစပ်ပစ်တော့ ဘုရားကိုလည်း ကျည်တွေထိတယ်။ ဘုရားနားဝန်းကျင်က အိမ်တွေကိုလည်း ကျည်တွေမှန်လို့ အိမ်တချို့လည်း ပျက်စီးကုန်တယ်။ ဒဏ်ရာရတဲ့သူအနည်းငယ်တော့ ရှိတာပေါ့” လို့ ပြောပါတယ်။

ရှေးဟောင်းမြို့တွေဖြစ်ကြတဲ့ ပင်းယ၊ အင်းဝ၊ မြင်စိုင်း၊ မက္ခရာ၊ မိုင်းမော၊ ဝတီးမြို့တို့အပါအဝင် တကောင်းမြို့ကိုလည်း ကြားကာလ အမွေအနှစ်မြို့အဖြစ်သတ်မှတ်ပြီး စစ်ရေးအရ အသုံးမပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ တားမြစ်ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ်ရှိမှာရှိတဲ့  တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဩဂုတ် ၁၂ ရက်နေ့၊ ညနေပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013